Thursday, May 14, 2009

ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသာအေး မြစ်ကြီးနားမြို့၌ ရော်ဘာစိုက်ခင်းနှင့် ဗလမင်းထင်တံတားတို့ကို ကြည့်ရှုစစ်ဆေး


ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးသာအေးသည် ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ လျက် မေ၈ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာရှိ ဦးကရိုင်လဆန်၏ ရော်ဘာစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ကို မှာကြားကာ ရော်ဘာစေးမှ ရော်ဘာပြားပြုပ်လုပ်ပုံအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ

ယင်းနောက် ဗလမင်းထင်တံတားသို့ ရောက်ရှိစစ်ဆေးရာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက် လုပ်ရေး စီမံကိန်းအထူးအဖွဲ့(၁၅)မှ အင်ဂျင်နီယာမှူးက Stand Pipe အားဖြည့် တည်ဆောက်နေမှု လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဗိုလ်ချုပ်ကြီးသာအေးက မြစ်ကြမ်း ပြင်ပြောင်းလဲမှု၊ ရေကြောင်းပြောင်းလဲမှုတို့ကို အမြဲတိုင်းတာ၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးတို့နှင့် ပက်သက်၍ လိုအပ်သည်များကို မှာကြားသည်။

No comments: