Thursday, May 14, 2009

မန္တလေးမဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ် ဒေသခံပြည်သူများအား စက်မှု(၁) ၀န်ကြီးဦးအောင်သောင်းတွေ့ဆုံ


အမှတ်(၁) စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းသည် မေ ၁၀ရက် နံနက်ပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အမှတ်(၃၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ရဲမွန်တောင်၊ မဟာမြိုင်၊ မဟာနွယ် စဉ်၊ စကြာနွယ်စဉ်၊ ဟေမမာလာ(မြောက်) ၊ ဟေမမာလာ ( တောင်) ရတနာဘုမ္မိ(အရှေ့)၊ ရတနာဘုမ္မိ(နောက်) ၊ မဟာအောင်မြေ(အရှေ့) ၊ မဟာအောင်မြေ(အနောက်) ၊ ရွှေလုန်းရှိန်၊ သံလျက်(အရှေ့) ၊ သံလျက်(အနောက်) ၊ စိန်ပန်း၊ ဒေးပန်းအရှေ့ရပ်ကွက်တို့မှ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံပြီး အမှတ်(၃၃) အခြေခံပညာမူလတန်းကျောင်းပြုပြင်ရန် ငွေကျပ် ၁၀သိန်းနှင့် ဘိလပ်မြေ အိတ် ၅၀၊ ချမ်းမြသာစည် မြောက်ရပ်ကွက် လမ်းပြုပြင်ရန် ငွေကျပ်သိန်း ၄၀ ၊ မြို့နယ်တိုင်းရင်းဆေးပေးခန်း ဆေးပဒေသာ ပင်အတွက် ငွေကျပ် ၁၀သိန်းတို့ကို ထောက်ပံ့ပေးအပ်သည်။
ထေက်ပံ့ပေးအပ်
ထို့နောက် ၀န်ကြီးသည် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ထွန်တုံး၊ မြရည်နန္ဒာ၊ ကံသာယာ၊ အောင်သာယာ၊ အောင်ပင်လယ်၊ မြို့သစ်ရပ်ကွက်များ၊ ချမ်းမြသာစည် တောင်ရပ်ကွက်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်များမှ ဒေသခံပြည်သူများ၊ လူမှုရေး၊ အသင်းအဖွဲ့ဝင်များအား တွေ့ဆုံပြီးနောက် အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်းအတွက် ငွေကျပ် ၁၀သိန်း၊ အောင်ချမ်းသာဓမ္မာရုံပြုပြင်ရန် ငွေကျပ် ၁၀သိန်း ၊ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်း ပြုပြင်ရန် ငွေကျပ်၁၀သိန်းနှင့် ဆောက်လုပ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments: