Monday, May 11, 2009

ပညာရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်း အားကစားနည်းပြ မွမ်းမံသင်တန်းတွင် ဆွေးနွေးမှာကြား


အားကစားနှင့် ပညာရေးပေါင်းစပ်မှုဦးစီးကော်မတီဥက္ကဌ ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းသည် မေ ၅ ရက်နံနက် ၈နာရီက ရန်ကုန်မြို့ ကျိက္ကဆံကွင်းရှိ ပြည်ထောင်စု ခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိသော ပညာရေးဝန်ကြီးဌာနကာယဆရာ ၊ ဆရာများ အားကစားနည်းပြ မွမ်းမံသင်တန်းအမှတ်စဉ်(၁၅)သို့ သွားရောက်ဆွေးနွေးပြီး သင်တန်းသား သင်တန်းသူများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များကို မှာကြားသည်။
အားပေးစကားပြောကြား
အဆိုပါသင်တန်းကို ဧပြီ ၂၇ရက်မှ ဇွန်၁၉ရက်အထိ ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းသို့ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ သင်တန်းသား ကာယဆရာ ဆရာမ ၁၅၀တက်ရောက် လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: