Wednesday, May 13, 2009



ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ကာယပညာနှင့် အားကစားဦးဆောင်ကော်မရှင် ဥက္ကဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ


ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ယနေ့ညနေ ၄နာရီတွင် နေပြည်တော်ရှိ အစိုးရဧည့်ခန်းမ၌ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ကာယပညာနှင့် အားကစားဦးဆောင်ကော်မရှင် ဥက္ကဌ H.E.Mr.Pak Hak Son ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အားကစားဝန်ကြီးဌာန Justify Fullဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့်၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန့်ရှင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကိုးရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ကာယပညာနှင့် အားကစားဦးဆောင်ကော်မရှင်ဥက္ကဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Kim Sok Chol နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။


1 comment:

Unknown said...

e-mail address မတွေ့လို့ comment မှာပဲဝင်ရေးလိုက်ပါတယ်။ ဆောင်းပါးအဖြစ် ဖော်ပြပေးစေလိုပါတယ်

အပစ်ရပ်အဖွဲ့များ အသွင်ကူးပြောင်းရေးလုပ်ငန်း ဆွေးနွေးညှိနှိုင်းရန် ပြင်ဆင်မှုများ ပြုလုပ်နေခြင်း


အခုတစ်လော မီဒီယာများတွင် လူအများဆုံး စိတ်ဝင်စားနေသော သတင်းမှာ ငြိမ်းချမ်းရေးအဖွဲ့များ အသွင်ကူးပြောင်းရေး ဆောင်ရွက်မည့် သတင်းဖြစ်သည်။ မီဒီယာ အမျိုးမျိုးတွင် အမည်မဖော်လိုသူအရာရှိ ၊ နိုင်ငံရေးအကဲခတ်၊ စစ်ရေးအကဲခတ် စသည့် မိမိကိုယ်ကို ကြီးကြီးကျယ်ကျယ် နာမည်တပ်ထားသော ပုဂ္ဂိုလ်ကြီးငယ်တို့မှာ အစိုးရနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုများအပေါ် ထင်ရာမြင်ရာ ပြောဆိုထုတ်လွှင့် လျက်ရှိသည်။
အဆိုပါပုဂ္ဂိုလ်တို့၏ ပြောဆိုချက်များသည် ၎င်းင်းတို့၏ ပုဂ္ဂလိကထင်မြင်ယူဆချက် များသာဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောထားတုန့်ပြန်ချက်မဟုတ်ကြောင်း၊ အသွင်ကူးပြောင်းရေးလုပ်ငန်း အစီအစဉ်နှင့်ပတ်သက်၍ အဓိကပြောဆိုဆွေးနွေးသည့် အကြောင်းအရာများ မပါဝင်ကြောင်း၊ အစိုးရတာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားချက်များ အပေါ်နားလည်သဘောပေါက်လွဲမှားစေမည့် အချက်များကို ပုံကြီးချဲ့ဖော်ပြထားကြောင်း၊ ကိန်းဂဏန်း အချက်အလက်များ လွဲမှားပြောကြားနေကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ အပစ်ရပ်အဖွဲ့များမှ ဝေဖန်ပြောကြားလျက်ရှိသည်။
အလားတူ အစိုးရမီဒီယာများမှလည်း တိုင်းရင်းသားအဖွဲ့အစည်းများသည် အယူအဆ အမျိုးမျိုးကြောင့် တောတွင်းလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ခဲ့ရပြီး အစိုးရ၏ နားလည် ခွင့်လွှတ်မှုရရှိခဲ့သဖြင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ ဖြစ်ပေါ်လာခဲ့ရကြောင်း၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းအဖြစ် ရပ်တည်စဉ်ကာလတစ်လျှောက် နိုင်ငံတော်အစိုးရနှင့် ယုံကြည်မှုတည် ဆောက်ကာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မကြာခဏထုတ်လွှင့် လျက်ရှိသည်။
အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လုပ်ဖော်ကိုင်ဖက်များအဖြစ် သတ်မှတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးအတွက် ၎င်းအဖွဲ့များကို ကူညီစောင့်ရှောက်ပေးမည့် အစီအစဉ်များ ချမှတ်ထားရှိကြောင်း၊ ဖြစ်ပေါ်လာမည့် ဒီမိုကရေစီနိုင်ငံတော်သစ်သို့ လမ်းကြောင်းမှန်မှန် လျှောက်လှမ်းနိုင်ရန် လက်တွဲခေါ်ဆောင် လျက်ရှိကြောင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် အစိုးရတာဝန်ရှိသူများက ပြောကြားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
အစိုးရ၏အစီအစဉ်အရ လက်ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် လက်နက်အပ်နှံရန်မလိုဘဲ၊ နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသည့် တပ်ဖွဲ့စည်းမှုများ၊ တပ်ဖွဲ့ဝင်များ အနေဖြင့် တပ်မတော်သားများကဲ့သို့ရပိုင်ခွင့်များနှင့် တပ်မတော်တွင် တာဝန်မထမ်းဆောင် နိုင်သူများအတွက် ထိုက်သင့်သည့်ဆုကြေးနှင့် အုပ်ချုပ်ရေး ယန္တရားတွင် ပါဝင်ထမ်းဆောင်ခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အသွင်ကူးပြောင်းရေးလုပ်ငန်းသည် နိုင်ငံအတွင်းတိုင်းရင်းသားလူမျိုးများအားလုံး တပြေးညီဖြစ်စေရေး အတွက် ဒေသခံများ၏ အေးချမ်းတည်ငြိမ်ရေး၊ လူနေမှုဘ၀များ တိုးတက်မြင့်မားရေးတို့အတွက် စေတနာထား စောင့်ရှောက်ကူညီမှုများလုပ်ဆောင်ပေးမည့် သမိုင်းမှတ်တမ်းဝင်မည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ တိုင်းရင်းသားအဖွဲ့ အစည်းများအပေါ် နိုင်ငံတကာနှင့်ဒေသခံများမှ တရားမ၀င် လက်နက်ကိုင်အဖွဲ့များအဖြစ်သာ လက်ခံထားကြ သဖြင့် တရားဝင်အဖွဲ့အစည်းများအဖြစ် ရပ်တည်နိုင်ရေး အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးချစေရန် အစိုးရမှငြိမ်းချမ်းရေး အဖွဲ့များသို့ ရှင်းလင်းပြောကြားထားကြောင်း သိရှိရသည်။
တိုင်းရင်းသားအဖွဲ့အစည်းများက အစိုးရနှင့်ပူးပေါင်းပြီး အသွင်ကူးပြောင်းရေး လုပ်ငန်းများကို ညှိနှိုင်းလုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ မိမိနယ်မြေ၊ မိမိဒေသတွင် နိုင်ငံတော်၏ တရားဝင်လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် နိုင်ငံတကာတပ်များနှင့် ရင်ဘောင်တန်းပြီး နိုင်ငံတော်လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ခွင့်ရှိမည့် အစီအမံများကို ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။