Sunday, February 24, 2008

ဗင်နီဇွဲလားတွင် လေယာဉ်ပျက်ကျ လိုက်ပါလာသူ ၄၆ဦးစလုံး သေဆုံး




ဗင်နီဇွဲလားနိုင်ငံ အင်ဒီစ်ဒေသ၌ပျက်ကျသွား

သည့် လေယာဉ်ရှိရာနေရာသို့ ကယ်ဆယ်
ရေးသွားရောက်မည့် ရဟတ်ယာဉ်တစ်စင်း
ကို ဖေဖော်ဝါရီ ၂၂ရက်ကတွေ့ရစဉ်


ဗင်နီဇွဲလားနိုင်ငံ အင်ဒီစ်ဒေသတွင် စန်တာဘာဘရာလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဖေဖော်ဝါရီ ၂၁ရက် ကပျက်ကျရာ လေယာဉ်ပေါ်၌ လိုက်ပါလာသူ ၄၆ဦး စလုံး သေဆုံးသွားကြောင်း အမျိုးသားကာကွယ်ရေးဌာနက သောကြာနေ့တွင် ပြောကြားသည်။ လေယာဉ်သည် နိုင်ငံအနောက်ပိုင်း မာရီဒါပြည်နယ်ကာနာဗာလီလေဆိပ် မှ ၁၀ကီလိုမီတာအကွာရှိ ပေ ၁၂၀၀၀မြင့်သည့် တောင်နှင့်တိုက်မိကာ ပျက်ကျသွားခြင်းဖြစ်သည်။ လေယာဉ် ပေါ်တွင် ခရီးသည် ၄၃ဦးနှင့် လေယာဉ်အဖွဲ့သားသုံးဦးတို့လိုက်ပါသွားကြောင်း အမျိုးသားကာကွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး အန်တိုနီယိုရာဗီရိုက ပြောကြားသည်။ ဝိုင်ဗွီ ၁၄၄၉ အမှတ်အသားပါသော လေယာဉ်သည် ကာနာဗာလီလေဆိပ်မှ ကာရာကတ်စ်မြို့ဆီမွန်ဗော်လီဗာ လေဆိပ်သို့ ပျံသန်းနေစဉ် ပျက်ကျခြင်းဖြစ်သည်။ ကနဦးလေ့လာစုံစမ်းမှုများအရ လေယာဉ်ပျက်ကျချိန်တွင် ရာသီဥတုအခြေအနေမှာ ကောင်းမွန်နေကြောင်း သိရသည်။

No comments: