
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်တွင်မြင်းလှည်း
ဖြင့်တင်ဆောင်လာသော ဗုံးတစ်လုံးပေါက်ကွဲ
သဖြင့် ပျက်စီးသွားသော အဆောက်အအုံ
အချို့ကိုဖေဖော်ဝါရီ ၂၂ရက်ကတွေ့ရစဉ်။
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်ပိုင်း ဒေသနှင့် တီကရစ်အရပ်၌ ဖေဖော်ဝါရီ ၂၂ရက်က မြင်းလှည်းဗုံးတစ်လုံးနှင့် ကားဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားရာ လေးဦးသေဆုံးကြောင်း လုံခြုံရေးအသိုင်းအဝိုင်းမှ လာသောသတင်းက ဖော်ပြသည်။ မြင်းလှည်းဗုံးသည် မြို့လယ်ပိုင်းကာရာဒါအရပ်၌ နံနက်ပိုင်းကပေါက်ကွဲသွားခြင်းဖြစ်ပြီး အနီးအပါး ရှိဈေးဆိုင်နှင့် အဆောက်အအုံအချို့ ပျက်စီးသွားကာ တစ်ဦးသေဆုံးသွားကြောင်းလုံခြုံရေး အဖွဲ့မှပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ကာဆမ်မိုဆာဝီက ပြောကြားသည်။
ကားဗုံးသည် ဘဂ္ဂဒက်မြို့၏ မြောက်ပိုင်း၊ မိုင် ၁၁၀အကွာရှိ တီကရစ်မြို့ရဲစခန်းကို ရည်ရွယ်တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံးသွားပြီး ရှစ်ဦးဒဏ်ရာရရှိသွားသည်။သာမန်အားဖြင့်ဆိုလျှင် အီရတ်တွင်မြင်းလှည်းများကို ဓါတ်ငွေ့ ဂတ်စ်အိုးများ သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း၊ အမှိုက်ကျုံးရာတွင်လည်းကောင်း၊ ဟင်းသီးဟင်းရွက် နှင့်အခြားကုန်စည်များ သယ်ဆောင်ရာတွင်လည်ကောင်း အသုံးပြုကြသည်။
No comments:
Post a Comment