မြန်မာ့သစ်အားပိုမိုတိုးတက်တင်ပို့နိုင်ရေးအတွက် ကျင်းပပြုလုပ်မည့်
သစ်ပရိဘောဂပြပွဲ ၂၀၀၈
လာမည့်လတွင် မြန်မာ့ပရိဘောဂပြပွဲကို ၅ရက်ကြာပြုလုပ်မည်ဖြစ်ပြီး ပြပွဲ၏ရည်ရွယ်ချက်မှာ ကမ္ဘာဈေးကွက်တွင် မြန်မာနိုင်ငံ၏ သစ်တောထွက်ကုန်များ ဈေးကွက်ရရှိရေးအတွက် မိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း သစ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။
မြန်မာနိုင်ငံ သစ်လုပ်ငန်းနှင့် သစ်လုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်းကာ မြန်မာသစ်ပရိဘောဂပြပွဲ ၂၀၀၈ကို မတ်လ၃ရက်နေ့မှ ၇ရက်နေ့ထိ ပြခန်းပေါင်း ၁၆၆ ခန်းခင်းကျင်းပြသသွားမည် ဖြစ်ကြောင်းသိရှိရသည်။ ထိုပြပွဲတွင် သစ်သားကိုအခြေခံသော ထုတ်ကုန်များနှင့် အိမ်အလှဆင်ကြိမ်နှင့်ဝါး ဆိုင်ရာအိမ်အလှဆင် ပစ္စည်းများကို ပြသမည်ဖြစ်သည်။

No comments:
Post a Comment