Tuesday, March 11, 2008

ဘူလ်ဂေးရီးယား၌ရထားမီးလောင်ခဲ့ပြီးနောက်...............

ဘူလ်ဂေးရီးယား ပို့ဆောင်ရေးဝန်ကြီး ပီတာမူသာဖေဘီယက်က ဘူလ်ဂေးရီးယားရထားများပေါ်တွင် ဆေးလိပ်သောက်သုံးမှု ပိတ်ပင်တားမြစ်မှု အပါအ၀င် လုံခြုံရေးအစီအမံများဆောင်ရွက်ရန် အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း ဒေသထုတ်သတင်းစာ တစ်စောင်က မတ်၇ ရက်၌ ရေးသားဖော်ပြသည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ရထားစီးခရီးသည်များ၏ ကုန်စည်အမျိုးအစားနှင့် အလေးချိန်သတ်မှတ်ထိန်းချုပ်ရေး၊ မီးလောင်မှု မဖြစ်ပွားရန် ခရီးသည်များအား အသိပညာပေးခြင်းနှင့် အခြားမတော်တဆမှုများ မဖြစ်ပွားရန် ဆိုသည့်အချက်များ ပါဝင်သည်။ ရထားတွဲများတွင် အရေးပေါ်ဘရိတ်၊ မီးသတ်ဆေးဘူးများ၊ အရေးပေါ်ဝင်ထွက်ပေါက်များ ပြုလုပ်သွားရန် အချက်များလည်း ပါဝင်သည်။ ယင်းအစီအမံများသည် ဖေဖေါ်ဝါရီ ၂၉ ရက်က ဆိုဖီယာမြို့မှ ကာဒမ်မြို့သို့သွားသည့် ရထားတစ်စင်းမီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၄င်းရထား မီးလောင်မှုကြောင့် ကိုးဦးခန့် သေဆုံးခဲ့ရသည်။

No comments: