Tuesday, March 11, 2008

အီရတ်၌အလောင်း၁၀၀ခန့် မြှုပ်ထားသည့်နေရာ

အီရတ်နိုင်ငံတွင် ဆွေးမြည့်နေသည့်အလောင်း၁၀၀ခန့်ကို စုပြုံမြှုပ်ထားသည့်နေရာတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သည်။ ဘဂ္ဂဒတ်မြို့တော် တောင်မြောက်ဘက် ခါလစ်မြို့အတွင်းမှ တူးဖော်တွေ့ရှိသည့် အလောင်းများမှာ သုံးလေးလအတွင်း တွေ့ရှိသည့် အစုလိုက်အပြုံလိုက် အလောင်းမြှုပ်နှံမှု တစ်ခုဖြစ်သည်။ ယင်းသို့ မည့်သည့်အဖွဲ့က သတ်ဖြတ်မြှုပ်နှံထားသည်ကို မသိကြောင်း၊ သို့သော်လည်း ၂၀၀၃ ခုနှစ်တွင် အမေရိကန် ဦးဆောင်သည့်တပ်များ အီရတ်ကို ကျူးကျော်ဝင်ရောက်ပြီး နောက်ပိုင်းတွင် ဖြစ်နိုင်သည်ဟု ဆိုသည်။ အီရတ်၌ ထိုသို့ အစုအပြုံလိုက်သတ်ပြီး မြှုပ်သည့်နေရာအများအပြားရှိမည်ဟု လူ့အခွင့်အရေးအုပ်စုများက ယုံကြည်နေကြသည်ဟု ဆိုသည်။

No comments: