
မီးခိုးလုံးဝထွက်ခြင်းမရှိသော ကားတစ်မျိုးကို ဗြိတိန်ရှိမော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီများ ပူးပေါင်းထားသည့် ကုမ္ပဏီအုပ်စုတစ်စုက တီထွင်ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း မတ် ၄ ရက်က အင်တာနက်သတင်းတွင် ဖော်ပြသည်။ ယင်းကားသည် ဟိုက်ဒရိုဂျင် လောင်စာစွမ်းအင်နှင့် မောင်းနှင်ခြင်းဖြစ်ပြီး တစ်နာရီလျှင် မိုင်တစ်ရာနှုန်း မောင်းနှင်နိုင်ကြောင်း ကားထုတ်လုပ်ရေး အင်ဂျင်နီယာ မစ္စတာ မက်သရူးပါကင်က ပြောကြားသည်။ အဆိုပါကားတွင် ဟိုက်ဒရိုဂျင် လောင်စာဆီကန် တစ်ခုပါရှိသည်။ ယင်းလောင်စာဆီကန် တစ်ခါဖြည့်ထားလျှင် မိုင်၂၅၀ခရီးကို မောင်းနှင်နိုင်သည်ဟုဆိုသည်။ ၄င်းကားအမည်ကို လိုက်ဖ်ကားဟု ခေါ်ဆိုပြီး ဗြိတိသျှအစိုးရက ပေါင် ၁ ဒသမ ၉သန်းအကုန်ကျခံ၍ တီထွင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ မော်တော်ကားမှာ မီးခိုးလုံးဝထွက်ခြင်းမရှိသော်လည်း မီးခိုးတိုင်မှရေငွေ့အနည်းငယ်သာထွက်ပြိး ကားစက်သံမှာ ကောင်းမွန်၍ ဆူညံသံများ မထွက်ကြောင်း ကားထုတ်လုပ်သူများက ပြောကြားသည်။
No comments:
Post a Comment