Sunday, March 9, 2008

ကျူးဘား၌ ၅၅ နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များတွေ့ဆုံ၊ ဇီဝလောင်စာ အကြောင်း ဆွေးနွေး

(၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစီးပွားရေးပါရဂူများ တွေ့ဆုံပြီး အသစ်တိုးတက်ဖြစ်ပေါ်မှု ပြဿနာရပ်များဖြစ်သည့် ဇီဝလောင်စာ အကြောင်းကို နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ကျွမ်းကျင်ပညာရှင် ၁၀၀၀ ကျော်တို့က မတ် ၆ ရက်၌ ကျူးဘားနိုင်ငံ ဟာဗားနားမြိုတွင် ဆွေးနွေးကြသည်။
ယင်းဆွေးနွေးပွဲ၌ ဘယ်လ်ဂျီယံ ၊ စပိန် ၊ မက္ကဆီကိုနိုင်ငံနှင့် အခြားနိုင်ငံများက ဇီဝလောင်စာ တိုးတက်မှုကို အကြံပြုဆွေးနွေးခြင်းနှင့် အကျိုးအမြတ် ရရှိရန် လုပ်ဆောင်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
ပညာရှင်များက အစည်းအဝေး၌ လက်တင်အမေရိကနိုင်ငံအခြေအနေနှင့် အခြားနိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြဿနာများအကြောင်းကို စိစစ်ဆွေးနွေးကြမည်ဖြစ်သည်။
ကျွမ်းကျင်ပညာရှင်များက နိုင်ငံခြားငွေကြေးစနစ်လွတ်လပ်မှု ၊ လက်တင်အမေရိကတွင် ငွေကြေးဆိုင်ရာ အဆောက်အအုံသစ်တစ်ခု တည်ဆောက်ရန် လိုအပ်မှုအပေါ် မတ် ၅ ရက်က သဘောတူခဲ့ကြသည်။
၎င်းအစည်းဝေး၏ ရည်မှန်းချက်သည် လောလောဆယ် ကမ္ဘာ့နိုင်ငံများ ကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေရန်နှင့် ကမ္ဘာလုံး လွှမ်းခြုံတိုးတက်သည့် အခြေအနေတွင် ဆင်းရဲသော နိုင်ငံများကို ဦးစားပေးအနေဖြင့် သတ်မှတ်ဆက်ဆံရန်ဟူသော အချက်များ ပါဝင်သည်။

No comments: