အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များကို ထုတ်လုပ်လျက် ရှိကောင်းရှိနေလိမ့်မည်ဟု အမေရိကန်နှင့် ဗြိတိသျှခေါင်းဆောင်များ၏ စွပ်စွဲပြောကြားချက်ကို အီရန်အစိုးရက တနင်္ဂနွေနေ့တွင် ငြင်းဆိုလိုက်သည်။
အီရန်နိုင်ငံသည် နျူးကလီးယားနှင့် စပ်လျဉ်းသော ဆောင်ရွက်မှုများကို လျှို့ဝှက်ထားခြင်း မရှိကြောင်း၊ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) ၏ ကွပ်ကဲမှုအောက်တွင် အစီအစဉ်တစ်ခုလုံးကို ထားရှိကြောင်း အီရန်နိုင်ငံခြားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အလီဟူစိန်နီက တစ်ပတ်တစ်ကြိမ်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ မကြာသေးမီက အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်နှင့် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းတို့၏ အီရန်နျူးကလီးယား အစီအစဉ်အပေါ် စွပ်စွဲပြောကြားချက်များသည် အခြေအမြစ်မရှိဟု ၎င်းက ပြောကြားသည်။
အမေရိကန်သမ္မတအိမ်ဖြူတော်၌ ကျင်းပသော ဆွေးနွေးပွဲအပြီး ဘုရှ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အီရန်အပေါ် ခိုင်ခိုင်မာမာ အရေးယူရန် ဗြိတိန်ဝန်ကြီးချုပ်က တောင်းဆိုခဲ့သည်။

No comments:
Post a Comment