Tuesday, May 20, 2008

ဝန်ကြီးဗိုလ်မှူးချုပ်မောင်မောင်သိမ်း ခရမ်းမြို့နယ် လေဘေးသင့် ပြည်သူများ အားတွေ့ဆုံ ပြန်လည်ထူထေင်ရေး ဆောင်ရွှက်ပေးမည့် အစီအစဉ် များ ရှင်းလင်းပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးအသင်း ဗဟိုအလုပ်အမှုဆောင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှုးချုပ်မောင်မောင်သိမ်းသည် မေ၁၇ရက်က နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၌ တာဝန်ရှိသူများအား တွေ့ဆုံ၍ မြို့ပေါ်ရပ်ကွက်များမှ လေဘေး သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာ ကြားသည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးသည် ဗြဟ္မစိုရ် ခန်းမဆောင်၌ ကျင်းပသည့် လေဘေးသင့်ပြည်သူများ အတွက် မိသားစုအသင်း သုံးကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။ ထို့နောက် စေတနာစုပေါင်းလှူဒါန်းရေးအဖွဲ့၏ မိသားစုအသင့်သုံး ကယ်ဆယ်ရေးပစ္စည်းခြင်း ၃၀၀နှင့် ဆန်အိတ် ၅၀၀၊ ဦးသိန်းဝင်းဇော်နှင့် ဦးခင်မောင်ကျော်တို့က ငွေကျပ်သိန်း ၁၀၀တန် ကယ်ဆယ်ရေး ပစ္စည်းများကို ပေးအပ်လှူဒါန်းကြရာ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီဥက္ကဌက လက်ခံသည်။
ထိုမှတစ်ဆင့် ဗဟိုအလုပ်အမှုဆောင်ဝန်ကြီးသည် ခရမ်းမြို့ပလူကျေးရွာရှိ ပလူဘုန်းတော်ကြီးအား ဖူးမြော်ကြည်ညိုကာ လှုဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးပလူ၊ အုန်းပင်၊ ရေကျော်၊ ဘိုကလေး၊ အောင်ချမ်းသာနှင့် ဆင်မင်းအိုင်ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်ပေးမှုအခြေအနေကို ရှင်းလင်းပြောကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထိုမှတစ်ဆင့် ဗဟိုအလုပ်အမှုဆောင်ဝန်ကြီးသည် ဘုရားပျိုကျေးရွာရှိ ဘုရားပျိုဘုန်းတော်ကြီးအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ ဘုရားပျို၊ ကရင်စု၊ ကြာကန်၊ ကြုံကန်၊ ညောင်တန်းကျေးရွာများမှာ လေဘေးသင့် ပြည်သူများအားလည်းကောင်း၊ ခရမ်းမြို့ ကွမ်မိုးဒိန်း ကျေးရွာရှိ ကွမ်မိုဒိန်းဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ ကျေးရွာရပ်မိရပ်ဖများအား တွေ့ဆုံးသည်။

No comments: