




နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်ဒေသများ၏ကယ်ဆယ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာပိုင်းစိုး၊ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော် အရာရှိကြီးများ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ယနေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ ရောက်ရှိသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က လေဘောသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုအခြေနေများကို ရှင်းလင်းတင်ပြသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံတော်ဝန်ကြီးချုပ်၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး သုံးသပ်ပြီး ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကို လမ်းညွှန်မှာကြားသည်။
အားပေးစကားပြော
ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး လေဘေးသင့် ရွှ လေဘေးပြည်သူများအား အားပေးစကားပြောကြားသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နာဂစ်မုန်တိုင်းကျရောက်သည်နှင့် တစ်ပြိုင်နက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အမျိုးသားသဘ၀ဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းကာ နိုင်ငံတော်အနေဖြင့် မုန်တိုင်းကယ်ဆယ်ရေးအတွက် ကနဦးမတည်ငွေကျပ် ငါးဘီလီယံကို ချက်ချင်းခွင့်ပြုပေးခဲ့သည်။
သုံးစွဲ
ယနေ့ချိန်တွင် နိုင်ငံတော်မှ ငွေကျပ်ဘီလီယံ ၅၀ ကျော်ကိုလေဘေးဒဏ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွက် သုံးစွဲပြီးဖြစ်ပြီး နောင်တွင်လည်း နိုင်ငံတော်မှလိုအပ်သလို ဘဏ္ဍာငွေများ ခွင့်ပြုသုံးစွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment