Friday, May 16, 2008

အထွေထွေအတွင်းရေးမှူး ၀န်ကြီးဗိုလ်ချုပ်ဌေးဦး လပ္ပတ္တာ မြို့တွင်အခြေပြု၍ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှူး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန၀န်ကြီး ဗိုလ်ချုပ်ဌေးဦးသည် ဧရာဝတီတိုင်း လပ္ပတ္တာ မြို့တွင်အခြေပြု၍ လပ္ပတ္တာ မြို့နယ်အတွင်းရှိ လေဘေးသင့်သည့် ဒေသများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေလ၁၂ရက်တွင် လပ္ပတ္တာ မြို့ဆုတောင်းပြည့် ဘုရားဝင်းရှိ ယာယီကယ်ဆယ်ရေးစခန်း၌ လေဘေးသင့်သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့နောက် အထွေထွေအတွင်းရေးမှူး ၀န်ကြီးသည် လေဘေးသင့်ကျေးရွာများမှ လေဘေးသင့်သူများအား မိုးကာစများ ၊ ရေစုပ်စက်၊ဟာလာဝက် စသည်များနှင့် လိုအပ်သော ပစ္စည်းများဖြန့်ဖြူးမှု ၊ကျေးရွာများရှိ စပါးများဖြန့်ဖြူးမှု၊ ရေငန်ဝင်သည့် ကျေးရွာရေကန်ငယ်များအား ရေစုပ်ထုတ်၍ သောက်သုံးရန် မိုးရေ၊ ရေချိုရရှိရေး၊စပါးမျိုးများ ရရှိရေး၊ စပါးအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။

ဆက်လက်၍ အထွေထွေ အတွင်း ရေးမှူးဝန်ကြီးသည် လပ္ပတ္တာ မြို့ရတနာ ဒီပအားကစားကွင်းရှိ ယာယီကယ်ဆယ်ရေးစခန်း၌ ရွက်ဖျင်တဲများဖြင့် နေထိုင်မှုအခြေအနေနှင့် ထပ်မံ၍ ရွက်ဖျင်တဲများ ထိုးနေမှု တို့ကို ကြည့်ရှုကာ လိုအပ်ချက်များ ဖြည့်ဆည်းတူညီပေးသည်။

ယင်းနောက် အထွေထွေအတွင်း ရေးမှူးဝန်းကြီးသည် ကွပ်ကဲမှုရုံး၌ ရန်ကုန်မြို့မှရောက်ရှိလာသော မြန်မာ နိုင်ငံကြက်ခြေနီအဖွဲ့ဥက္ကဌ ဒေါက်တာသန်းလှရွှေနှင့် အဖွဲ့ဝင်များနှင့် (WFP) ကုလသမဂ္ဂစားနပ်ရက္ခာ အစီအစဉ်မှ တာဝန်ခံအားတွေ့ဆုံ၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။ ထို့နောက် အထွေထွေအတွင်းရေးမှူး ၀န်ကြီးသည် လပ္ပတ္တာ မြို့ ရတနာဒီပ အားကစားကွင်းရှိ လေဘေးသင့် ကျေးရွာများမှ အိမ်ထောင်စုများအတွက် ဆန်၊ ရိက္ခာ ၊ အစားအစာ၊ ဒန်အိုး၊ ဒန်ခွက်၊ စောင်၊ အ၀တ်အထည်နှင့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

No comments: