ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရသော ဒေသများအတွက် ပြည်တွင်း/ပြည်ပမှ စေတနာရှင် ၊ အလှူရှင်များက အလှူငွေများအား ဆက်လက်လှူဒါန်းလျက်ရှိရာ မေ၁၄ရက်တွင် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ရုံးခွဲ) မုန်တိုင်း ဒဏ်သင့် ဒေသပြည်သူများအတွက် အလှူငွေလက်ခံရာဌာန၌ အလှူရှင်များမှ လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေ လက်ခံရေးနှင့် ထုတ်ပေးရေး ဆပ်ကော်မတီ ဥက္ကဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက လက်ခံရယူသည်။
လှူဒါန်း
လှူဒါန်းကြသော အလှူရှင်များမှာ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းက ငွေကျပ် ၁၀သိန်း၊ ဒေါက်တာသိန်းထွန်းနှင့် ဒေါက်တာ ဒေါ်သန်းတိုး မိသားစုက ငွေကျပ်တစ်သိန်း၊ ဦးထွန်းလွင် (ရွှေမဲကုမ္ပဏီလိမိတက်) ငွေကျပ်သိန်း ၁၀၀ ၊ ဦးလှမြင့်နှင့် ဒေါ်ဖြူဖြူဝင်း၊ သမီးထက်သူဇာမြင့်၊ သားဗိုလ် ကြီးသက်အောင်ဇော်မြင့်က ငွေကျပ်တစ်သိန်းဒုတိယ ရဲမှူးကြီးရဲမင်းနှင့် ဒေါ်သန်းသန်းဌေး မိသားစု ပြည်ထဲရေး ၀န်ကြီးဌာနက ငွေကျပ်တစ်သိန်း၊ ဦးဟန်ငြိမ်း နှင့်ဒေါ်နွဲ့ ရွှေရည်ဝင်းရွှေဆိုင်က ငွေကျပ်တစ်သိန်းကိုမောင်မောင်ရွှေနှင့် မသန္တာဆွေဦး၊ သားမောင်သုထက်၊ မောင်သုဝေတို့က ငွေကျပ်တစ်သိန်း ၊ ဦးဝင်းနိုင်နှင့် ဒေါ်မိုမိုအောင်မိသားစု Total E&P Myanmar ကငွေကျပ် ငါးသိန်း၊ဒေါက်တာ ရဲမြင့် ဒေါက်တာသိန်းသိန်းမြင့်နှင့် မောင်နှမများက ငွေကျပ်ငါးသိန်း၊ ဒေါက်တာမျိုးမြင့်ဦးနှင့် ဒေါက်တာ မြသီတာမိသားစုက ငွေကျပ် ငါးသိန်း၊ XJ Group Corporation ကငွေကျပ် သိန်း၁၀၀ ၊ သတ္တုတွင်းဝန်ကြီးဌာန ၊မြန်မာ့ပုလဲလုပ်ငန်းမှ ၀န်ထမ်းများနှင့် ပြည်တွင်း/ပြည်ပ ပုလဲကုမ္ပဏီ များက ငွေကျပ်သိန်း ၂၀ Htoo Group of Companies ကငွေကျပ်သိန်း ၃၀၀၀၊ MAHA SUME RU BUTTHIST SOCIETY, MALAYSIA ကအမေရိ ကန် ဒေါ်လာ ၂၀၀၀၀ ၊ MAHA SUME RU BUTTHIST SCOIETY, MALAYSIA က အမေရိကန်ဒေါ်လာ ၂၄၉၁ ၊ Sahakol & Lumpoon Dum co,Ltd of Thailand, Bangkok က အမေရိကန် ဒေါ်လာ၃၅၀၀၊ သတ္တုတွင်းဝန်ကြီးဌာနမြန်မာ့ ပုလဲလုပ်ငန်းမှ ၀န်ထမ်းများနှင့် ပြည်တွင်း/ပြည်ပ ပုလဲ ကုမ္ပဏီများ က FEC ၁၀၀၀ တို့ဖြစ်သည်။
မေ၁၄ရက်အထိ လက်ခံရရှိသည့် အလှူငွေ စုစုပေါင်းမှာ ငွေကျပ် သိန်း၁၇၅၀၀၀၊ အမေရိကန်ဒေါ်လာ ၂၅၉၉၁နှင့် FEC ၁၀၀၀ တို့ဖြစ်ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment