အမေရိကန်ပြည်ထောင်စု ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ယှဉ်လောင်း ယှဉ်ပြိုင်ပွဲတွင် ရှေ့မှပြေးနေသော ဘာရက်အိုဘားမားသည် အဂါင်္နေ့က အမေရိကန် အိုးအိမ်ပြဿနာကို ကြီးမားသော စီးပွားရေးကပ်နှင့် နှိုင်းယှဉ်ပြောကြားလိုက်သည်။
၁၉၂၀ ပြည့်နှစ်များ၊၁၉၃၀ပြည့်နှစ်များအတွင်းက အခြေအနေနှင့် ယခုနှစ်များအတွင်း စီးပွားရေးနှေးကွေးနေသောအခြေအနေကြားတွင်ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၏ အားနည်းမှုမှာ ခြားနားခြင်း မရှိကြောင်း မစ်ဆိုရီတွင် ခေတ္တရပ်နားစဉ် အိုဘားမားက ပြောကြားသည်။
အမေရိကန်အိုးအိမ်ပြဿနာသည် အပေါင်ခံငွေချေးပြဿနာသည် အပေါင်ခံငွေချေးခြင်းနှင့် ရင်းနှီးမြုပ်နှံမှု ဘဏ်များဆိုင်ရာ စည်းမျဉ်းများ ချို့ယွင်းချက်ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်သူများ အထိတ်တလန့်ဖြစ်ကြရကြောင်း အိုဘားမားက ဆက်လက်ပြောကြားသည်။
Saturday, May 17, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment