Saturday, May 17, 2008

ဘိုကလေးမြို့နယ်အတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လကဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ လေဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်တွင် ဘိုကလေးမြို့နယ် ထော်ပိုင်ကျေးရွာ လေဘေးသင့်ပြည်သူများထံသို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထောက်ပံ့ရေးပစ္စည်းများဖြစ်သော အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများနှင့်အတူ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ဆေးဝါးများ၊စက်သုံးဆီများ ရောက်ရှိလာပြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(ဌက်ဖျား) ဒေါက်တာသန်းဝင်း၊ရန်ကုန်ဆေါ်ရုံကြီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာကိုကိုဦး၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်လှလှကြည်နှင့် ကျန်းမာရေးဝန်ထမ်းများအား ဆေးဝါးကုသပေးခြင်း၊ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် မြို့နယ်အတွင်းရှိ ရေတွင်း၊ရေကန်များအတွင်း ရေသန့်ဆေးဝါးများ ထည့်ပေးခြင်း၊ယင်လုံအိမ်သာ သုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments: