ဗြိတိသျှဘုရင်မကြီး ဒုတိယမြောက် အယ်လိဇဘက်က ဆိုင်က လုန်းဒဏ်ခံ မြန်မာဒုက္ခသည်များ အတွက် ပုဂ္ဂိုလ်ရေးသီးသန့်လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဘုရင်မကြီးအနေဖြင့် ငွေကြေး မည်မျှလှူဒါန်းမှုကို ဖော်ပြခြင်းမရှိ ခဲ့သော်လည်း ယင်းငွေများအား ဗြိတိန် သဘာဝဘေးအန္တရာယ် အရေးပေါ်ကော်မတီ (DEC) မှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဘုရင်မကြီးဟာ မြန်မာ ဒုက္ခသည်တွေအတွက် ပုဂ္ဂိုလ် ရေးသီးသန့်လှူဒါန်း မှုပြုလုပ်ခဲ့ပါတယ်” ဟု ဘာကင်ဟန်နန်းတော် ပြောခွင့်ရအမျိုးသမီးတစ်ဦးကဆိုသည်။
ထို့ပြင် ဗြိတိန်နိုင်ငံမှ ပထမဆုံး အထောက်အပံ့ပေးရေးလေယာဉ် မှာဒူဘိုင်းမြို့မှ မေလ၁၂ရက်နေ့တွင် ထွက်ခွာလာခဲ့ကြောင်းသိရသည်။ ယင်းလေယာဉ်ပေါ်တွင် မိသားစုပေါင်း ၄၃၀၀၀ အတွက်လုံလောက်သော နေထိုင်သုံးဆောင်ပစ္စည်းများ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ ဗြိတိန်အနေဖြင့် ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ နောက်ထပ်အကူအညီပေးရေး လေယာဉ်ငါးစင်းစေလွှတ်သွားရန်လည်း မျှော်လင့် ထားသည်။ ဗြိတိန် အစိုးရသည် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံမြန်မာ ဒုက္ခသည်များအတွက်ပေါင်ငါးသန်း (ဒေါ်လာ၁၀သန်း) အကူအညီပေးထားကြောင်းသိရသည်။

No comments:
Post a Comment