Monday, May 19, 2008

မျှော်လင့်ချက်အနည်းငယ်သာရှိတော့သည့် အချိန်အထိ ငလျင်ဒဏ်ခံပြည်သူများအား ကယ်ဆယ်ရေးဆက်လက်လုပ်သွားမည်ဟု တရုတ်ကတိပြု

မျှော်လင့်ချက်အနည်းငယ်သာ ရှိတော့သည့်အချိန်အထိ ငလျင်တွင်အသက်မသေဘဲကြွင်းကျန် ခဲ့သူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟုတရုတ်ကျန်းမာရေးဒုတိယ၀န်ကြီး ကောင် ရှင်းက ကတိပြုလိုက်သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မေလ ၁၂ရက်နေ့က အင်အား ၇ဒသမ ၈ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ခြင်းကြောင်း အနည်းဆုံးလူ ၅၀၀၀၀ခန့် သေဆုံးဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး အပျက်အစီးများအကြား၌ ပိတ်မိနေသူ သောင်းချီရှိနိုင်သည်ဟုလည်း ယူဆရသည်။
သို့ရာတွင် ပိနေသော အပျက်အစီးများအောက်၌ အသက်ရှင်လျက်ကယ်ဆယ်နိုင်မှုမှာ အလွန်ရှားပါးသည်။ မကြာသေးမီက ပြိုပျက်သွားသော ကျောင်းတစ်ကျောင်းအတွင်း၌ ၆၄နာရီကြာ ပိတ်မိနေသော်လည်း အသက်ရှင် နေခဲ့သူ ၁၁နှစ်အရွယ်မိန်းကလေးတစ်ဦးအားကယ်ဆယ်နိုင်ခဲ့သည်။ “မျှော်လင့်ချက်ရှိနေသရွေ့ ကျွန်တော်တို့ လက်လျှော့ မှာမဟုတ်ပါဘူး” ဟုဒုတိယ၀န်ကြီးက ပြောဆိုခဲ့သည်။

No comments: