တနင်္သာရီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်အောင်မင်းတို့သည် ဒုတိယ၀န်ကြီး ဦးဖေသန်း လိုက်ပါလျက် ဒီဇင်ဘာ ၂၉ ရက်တွင် ထားဝယ်ဘူတာအနီး လမ်းဘေး ၀ဲ၊ယာ မြေသားတင်ပေါင် ဖောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မေတ္တာကားလမ်းအနီး ဖြတ်ကျော်ဖောက်လုပ်မည့် ရထားလမ်းအူကြောင်းနေရာ (Level Crossing )ကို ကြည့်ရှု့စစ်ဆေးသည်။
ယင်းနောက် တိုင်းမှူးနှင့် ၀န်ကြီးတို့သည် ထားဝယ်ဆိပ်ကမ်းဘူတာ တည်ဆောက်မည့် မြေနေရာရွေးချယ်ထားမှုကို လည်းကောင်း၊ကျန်းမာရေးကားလမ်းကို ဖြတ်ကျော်ဖောက်လုပ်မည့်ရထားလမ်းအူကြောင်းနေရာနှင့် ကျန်းမာရေးကားလမ်းဘေးရှိ စက်ယန္တရားများနှင့် မြေသားလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လည်းကောင်း ကြည့်ရှု့စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး
ထိုမှတစ်ဆင့် တိုင်းမှူးနှင့် ၀န်ကြီးတို့သည် သရက်ချောင်းမြို့၌ သရက်ချောင်းဘူတာ တည်ဆောက်မည့် မြေနေရာရွေးချယ်ထားမှုနှင့် ရထားလမ်း ဖောက်လုပ်ရန် လမ်းအူကြောင်း ရွေးချယ်တိုင်းတာထားမှု၊ထားဝယ်-မြိတ် ကားလမ်းဘေး ၀ဲ၊ယာရှိ မြေသားတာပေါင်အား စက်ယန္တရားဖြင့် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အဆိုပါ ထားဝယ်-မြိတ် ရထားလမ်းသည် ၁၃၂ မိုင်ရှည်လျားပြီး ထားဝယ်မြို့နယ်၊ ပလောက်မြို့နယ်၊ပုလောမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ မြိတ်မြို့နယ်ငါးမြို့နယ်တို့ကို ဖြတ်သန်း ဖောက်လုပ်သွားမည်ဖြစ်သည်။ ရထားလမ်း ပြီးစီးပါက နေပြည်တော်မှ မော်လမြိုင်-ရေး-ထားဝယ်-မြိတ်မြို့အထိ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment