Friday, January 2, 2009

ပညာရေးဝန်ကြီးဌာန၏ ၂၀၀၈-၂၀၀၉ ပညသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၏ ၂၀၀၈-၂၀၀၉ ပညသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် တက်ရောက်ကြည့်ရှု့အားပေးသည်။
အခမ်းအနားသို့ အစိုးရအဖွဲ့ - အဖွဲ့ဝင် ၀န်ကြီးများ၊ဒုတိယ၀န်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၏ ၂၀၀၈-၂၀၀၉ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်နှင့်တိုင်း ကိုယ်စားပြု ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းမှူးနှင့် ဧည့်သည်တော်များသည် ပညာရေးဖွံ့ဖြိုးမှုပြခန်းကိုကြည့်ရှု အားပေးကြရာ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများက " စုံညီပွဲတော် တို့နွှဲပျော် " တေးသီချင်းနှင့် " အောင်စေ၊ ပိုင်စေ" အဆိုအက များဖြင့်လည်းကောင်း၊နေပြည်တော် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ" မြန်မာ့ကျောင်း" သီချင်းဖြင့် လည်းကောင်း၊အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ အကြားအာရုံဖွင့်ယွင်းသော ကျောင်းသူလေးများ၏ "အ " အက္ခရာ အောင်စေယိမ်းအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ နိုင်ငံတကာရွှေတံဆိပ်ဆုရ ကျောင်းသား၊ ကျောင်းသူများ၏၀ူရှူးကျွမ်းကျင်မှု သရုပ်ပြတင်ဆက်မှုများကို ပြသပြီး ပထမပိုင်းအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ပညာရေးစုံညီပွဲတော်ကို ဇန်န၀ါရီ ၃ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

No comments: