နိုင်ငံတော်က ပြည်သူများ သွားလာဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် ကားလမ်းများ၊ ရထားလမ်းများ၊ တံတားများကို နိုင်ပေးငံတစ်ဝန်း ကွန်ရက်သဖွယ် ဖောက်လုပ်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်တို့သည် တိုးမြစ်ခြားနားမှုကြောင့် ယခင်က ဒေသခံပြည်သူများသည် မော်တော်ကားဖြင့် တိုက်ရိုက်ခရီးမသွားနိုင်ဘဲ တိုးမြစ်ခြားနေမှုကြောင့် ယခင်က ဒေသခံပြည်သူများသည် မော်တော်ကားဖြင့် တိုက်ရိုက်ခရီးမသွားနိုင်ဘဲ တိုးမြစ်ကို ဇက်ရေယာဉ်ဖြင့် ခက်ခဲစွာ ကူးသန်းသွားလာရခြင်း၊ လမ်းခရီးမှာ နီးလျက်နှင့် ဝေးနေရခြင်း စသည့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။
တပ်မတော်အစိုးရလက်ထက်တွင် အဆိုပါ အခက်အခဲများကို ပြေလည်စေရန် ပြည်သူများအတွက် စေတနာရှေ့ထား၍ ဖန်တီးဖော်ဆောင်ပေးလျက်ရှိရာ ၂၀၀၀ ပြည့်နှစ်က ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် အင်္ဂပူကျေးရွာအနီးတွင် တိုးမြစ်ကို ကူးသန်းဖြတ်ကျော်သည့် တံတားအရှည်ပေ ၄၀၈၈ ဒသမ ၃ ပေရှိသော ဒေးဒရဲတံတားကို တည်ဆောက် ဖွင့်လှစ်ပေးခဲ့သည်။
ဒေးဒရဲတံတားကို တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ရန်ကုန်-ဒလ-ကွမ်းခြံကုန်း- ဒေးဒရဲ- ဖျာပုံ-ကျိုက်လတ်-မအူပင်-ရန်ကုန်တို့နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်လာသည်။ ဒေသခံပြည်သူများသည် ဖျာပုံ-ကျုံကဒွန်း-ဆိပ်မ-အမာသို့လည်းကောင်း၊ မအူပင်- ညောင်တုန်း-ပုသိမ်နှင့် ညောင်တုန်း-ဟင်္သာတ၊ ညောင်တုန်း-သံတွဲ စသည့် ဧရာဝတီတိုင်းအတွင်းသာမက ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့ကိုပါ သွားလာဆက်သွယ်နိုင်ပြီ ဖြစ်သည်။
ယခုဆက်သွယ်သွားလာနေပြီဖြစ်သော ဒေးဒရဲတံတားကြီး အပါအ၀င် တံတားများ၊ လမ်းများ တည်ဆောက်ပေးနိုင်သောကြောင့် ဧရာဝတီတိုင်းအတွင်း တစ်မြို့နှင့်တစ်မြို့ ကူးသန်းသွားလာရာတွင် လည်းကောင်း၊အခြားပြည်နယ်နှင့်တိုင်းများသို့ သွားလာဆက်သွယ်ရာတွင်လည်းကောင်း မော်တော်ကားလမ်းကို အသုံးပြု၍ အချိန်တိုအတွင်း လွယ်ကူသက်သာစွာ ဆက်သွယ်သွားလာနိုင်ပြီဖြစ်၍ ဧရာဝတီသား ပြည်သူများက နိုင်ငံတော်ကို ကျေးဇူးအထူးတင်ရှိကြောင်း ဧရာဝတီသားပြည်သူများအားလုံးကိုယ်စား ရေးသားတင်ပြလိုက်ရပါသည်။

No comments:
Post a Comment