Friday, June 12, 2009

A(H1N1) တုပ်ကွေးရောဂါ ကမ္ဘာ့ကပ်အသွင်ဆောင်လာ WHO က ပြင်းထန်မှုအဆင့်ခြောက်အထိသတ်မှတ်ခဲ့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့နိုင်ငံများ၌ ဖြစ်ပွာနေသော A(H1N1)တုပ်ကွေးရောဂါပြင်းထန်မှုအဆင့်ကို ယခင်က အဆင့်ငါးအဖြစ် သတ်မှတ်ခဲ့သော်လည်း ဇွန် ၁၁ ရက်၌ အဆင့်ခြောက်အဖြစ် အမြင့်ဆုံးအဆင့် တိုးမြင့်လိုက်ပြီဖြစ်သည်။

ကူးစက်

A(H1N1) တုပ်ကွေးရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၇၄ နိုင်ငံသို့ ကူးစက်ပြန့်ပွားလျက်ရှိရာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်လာကြောင်း၊ လက်ရှိအချိန်၌ အမေရိကန်၊ ဥရောပ၊ သြစတြေးလျ၊ တောင်အမေရိကနှင့် အာရှနိုင်ငံများတွင်လည်း ပျံ့နှံ့ဖြစ်ပွားလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၇၄ နိုင်ငံ၌ A(H1N1) တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေမှာ စုစုပေါင်း ၂၇၇၃၇ ဦးရှိနေပြီး A(H1N1) တုပ်ကွေးရောဂါကြောင့် သေဆုံးသူများမှာ ဇွန် ၁၁ ရက်အထိ ၁၄၀ ဦးရှိပြီဖြစ်သည်။ ယခု ရောဂါခံစားနေရသူများ၏ ထက်ဝက်ခန့်မှာလည်း မကြာမီ သေဆုံးဖွယ်ရှိကြောင်း၊ ထိရောက်သောကုသမှုနှင့် ဆေးဝါးတို့ကြိုးစားရှာဖွေဆဲ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးကြေညာထားသည်။

သေဆုံး
ယင်းA(H1N1) တုပ်ကွေးရောဂါမျိုးဆန်ဆန် ၁၉၆၈ ခုနှစ်က ကမ္ဘာ့နိုင်ငံအချို့၌ ဖြစ်ပွားခဲ့ဖူးရာ သေဆုံးသူဦးရေ တစ်သန်းခန့်ရှိခဲ့သည်။ ကမ္ဘာ့နိုင်ငံများတွင် သာမန် တုပ်ကွေးရောဂါမျိုးကြောင့် နှစ်စဉ်သေဆုံးသူဦးရေမှာ ၂၅၀၀၀၀ မှ ၅၀၀၀၀၀ အထိရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သောသတင်း၌ ဖော်ပြသည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် A(H1N1) ရောဂါ ကြိုတင်ကာကွယ်မှုများကို အရှိန်အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်သင့်ပြီး ဆေးဝါးဖော်ထုတ် သုတေသနပြုရေးအတွက် ငွေကြေးရင်းနှီး မြှုပ်နှံလုပ်ကိုင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

No comments: