Monday, July 13, 2009

ဝန်ကြီးဗိုလ်မှူးချုပ်သိန်းအောင် အထပ်သားစက်ရုံကြည့်ရှုစစ်ဆေး


သစ်တောရေးရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်သည် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးအေးမြင့်မောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း (အရှေ့ပိုင်း) ဆွာမြို့ရှိ Myanmar Korea Timber International Ltd( MKTI)အထပ်သားစက်ရုံသို့ ရောက်ရှိလာရာ စက်ရုံရှင်းလင်းဆောင်၌ MKTI မှဒါရိုက်တာ Mr.W.I.Kim က စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် ၀န်ကြီးက လိုအပ်သည်များ မှာကြားပြီး စက်ရုံအတွင်း သစ်ပါးလွှာလုပ်ငန်းအဆင့် အထပ်သားပြုလုပ်ဆောင်ရွက်နေမှု လုပ်ငန်းအဆင့်ဆင့်နှင့် အထပ်သား များအား ပြည်ပနိုင်ငံများသို့ တင်ပို့ရန် ထုပ်ပိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

No comments: