Tuesday, June 30, 2009

ဘာလီကျွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွေးနမူနာစစ်ဆေးရန်စီစဉ်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံအတွင်းသို့ A(H1N1)တုပ်ကွေးကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် A(H1N1)ရောဂါပိုးရှိမရှိ သွေးနမူနာယူ၍ စစ်ဆေးသည့် ဓာတ်ခွဲခန်းထားရှိရန် စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း လေဆိပ်ကျန်းမာရေးဌာန အကြီးအကဲ ညိုမန်မူတီယာဆာက ဇွန်၂၈တွင်ပြောကြားသည်။
ယင်းမှာ စီမံကိန်းတစ်ရပ်ပင်ဖြစ်သေးကြောင်း၊ ယခုအချိန်ထိ ဓာတ်ခွဲခန်းအတွက် ပစ္စည်းကိရိယာများ တပ်ဆင်ထားခြင်း မရှိသေးကြောင်း၊ A(H1N1)တုပ်ကွေးရောဂါ လက္ခဏာပြသည့် ကမ္ဘာလှည့်ခရီးသည်များအား သွေးနမူနာယူ၍ စစ်ဆေးမည်ဖြစ်ကြောင်း၊ လေဆိပ်သို့ရောက်ရှိလာသည့် ခရီးသည်များမှာ တစ်ရက်လျှင် ၇၀၀၀ ၀န်းကျင်ရှိရာ အားလုံးကိုစစ်ဆေးရန် မဖြစ်နိုင်သေးကြောင်း မူတီယာဆာက ထပ်လောင်းပြောကြားသည်။
သံသယရှိသူ
ဗြိတိန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အသက်၂၂နှစ်အရွယ် အမျိုးသမီးငယ်မှာ အင်ဒိုနီးရှားနိုင်ငံအတွင်းတွင် ပထမဆုံးA(H1N1)တုပ်ကွေးရောဂါဖြစ်ပွားသူဖြစ်သည်။၎င်းအား ဘာလီကျွန်းရှိ ရှန်ကလာဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးပြီး ခုနစ်ရက်တာ ဆေးကုသမှုခံယူကာ ဆေးရုံမှဆင်းသွားနိုင်ပြီ ဖြစ်သည်။ A(H1N1)တုပ်ကွေးရောဂါရှိသည်ဟု သံသယရှိသည့် ကမ္ဘာလှည့်ခရီးသည် သုံးဦးမှာ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်။
ဂျကာတာ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွေးနမူနာယူ၍ စစ်ဆေးစမ်းသပ်မှုပြုလုပ်ရန် ယခုအချိန်အထိ အစီအစဉ်မရှိသေးကြောင်း၊ သို့သော် လေဆိပ်သို့ရောက်ရှိလာသည့် ခရီးသည်အားလုံးကို အပူချိန်တိုင်းကိရိယာဖြင့်စစ်ဆေးပြီးA(H1N1)တုပ်ကွေးရောဂါလက္ခဏာပြသူအားလုံးကိုလေဆိပ်ကျန်းမာရေးဌာနသို့
ချက်ချင်း ပို့ဆောင်ပေးကာ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆာင်ရွက်လျက်ရှိကြောင်း ဂျကာတာလေဆိပ်တာဝန်ခံက ပြောကြားသည်။

No comments: