Wednesday, September 16, 2009

ပညာထူးချွန်ဆုများ၊ ပညာသင်စရိတ်ငွေနှင့် အားကစားထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ပွဲကျင်းပ

ပည်ထဲရေးဝန်ကြီးဌာနနှင့် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့၏ ၂၀၀၈-၂၀၀၉ ပညာသင်နှစ် ပညာထူးချွန်ဆုများ ၊ ၂၀၀၉-၂၀၁၀ ပညာသင်နှစ် ပညာသင် စာရိတ်ငွေများနှင့် အားကစားထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက် အုပ်ချုပ်မှုအဆောင် အစည်းအဝေခန်းမ၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးနှင့် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦးတတ်ရောက်၍ အမှာစကားပြောကြားသည်။
အဆိုပါ အခန်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ၀န်ထမ်းများ ၊ ထူးချွန်ကျောင်းသားများ၊ ကျောင်းသူများ၊ ထူးချွန်အားကစားသမားများနှင့် မိဘအုပ်ထိန်းသူများတတ်ရောက်ကြသည်။
အခမ်းအနားတွင် ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး ၂၀၀၈-၂၀၀၉ ပညာသင်နှုစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရရှိသူ မောင်စိုင်းကော်ခင်းနှင့် ထူးချွန်အားကစားသမားများကိုယ်စား ရဲအရာခံ နေလင်းအောင်တို့က ကျေးဇူးတင်စကားပြောကြားကြသည်။

No comments: