Thursday, September 17, 2009

Computer Networking ဆိုင်ရာ ဟောပြောပွဲကျင်းပမည်

ICT ဖွံဖြိုးတိုးတက်စေရန်နှင့် မြန်မာလူငယ်များအတွင်း Computer Networking ပညာရပ်များ တိုးတက်ပြန့်ပွားစေရန်ရည်ရွယ်၍ NetInfo နည်းပညာသင်တန်းက ကြီးမှူးကျင်းပသော Computer Networking Opportunity with Cisco CCNA ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို စက်တင်ဘာ ၁၉ရက် (စနေနေ့) နံနက် ၉နာရီခွဲမှ ၁၁နာရီအထိ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက်ခ် Conference Hall ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါဟောပြောပွဲ၌ လူငယ်များအတွင်း ပိုမိုကြိုက်နှစ်သက်လာကြသော နိုင်ငံတကာအသိအမှတ်ပြု CCNA Network Certificate ကို လွယ်ကူစွာရရှိစေရန် အကောင်းဆုံးနည်းလမ်းများကို ညွှန်ပြပေးခြင်း၊ သင်ရိုးညွှန်းတမ်းကို တိကျသေချာစွာ လေ့လာနိုင်ရန် ကူညီပေးခြင်းနှင့် အသုံးပြုရမည့် Software Simulator များဖြင့် သရုပ်ပြခြင်းတို့ကို ဟောပြောမည်ဖြစ်သည်။
ယင်းဟောပြောပွဲသို့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများ၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူများ အပါအ၀င်မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြပြီး တက်ရောက်လိုပါက NetInfo နည်းပညာသင်တန်း ဖုန်း-၅၀၇၀၄၅နှင့် ၆၅၂၂၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

No comments: