Monday, September 21, 2009

အာလူးကို ပုံမှန်စားသုံးပေးပါလျှင် နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်နိုင်ဟုဆို

အာလူးကို ပုံမှန် စားသုံးပေးပါက နှလုံးသွေးကြောကျဉ်းရောဂါနှင့် ကင်ဆာရောဂါ အချို့ ဖြစ်ပွားနိုင်မှုမှ ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း အမေရိကန် ဆေးသိပ္ပံပညာရှင်များ၏ သုတေသနပြုချက် အသစ်တစ်ရပ်တွင် ဖော်ပြထားသည်။
ပါဝင်
အာလူးတွင် ဗီတာမင်စီ၊ ဗီတာမင် ဘီ-၆၊ ကော့ပါး၊ ပိုတက်ဆီယမ်၊ မဂ္ဂနီးစ်နှင့် အမျှင်ဓာတ်များ ပါဝင်သည်။ ထို့အပြင် ပါတာတင်ကဲ့သို့သော ဓာတ်များပါရှိုသဖြင့် နှလုံးသွေးကြောများ သန်စွမ်းမှုကို အထောက်အကူပြုနိုင်စွမ်း ရှိသည်ဟုဆို၏။
ပံ့ပိုးပေးနိုင်
အာလူးတွင် ပါဝင်သော ဓာတ်ပေါင်းက သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေရန်နှင့် သွေးပေါင်မြင့် တက်မှုကို လျှော့ကျစေရန် ပံ့ပိုးပေးနိုင်ကြောင်း၊ တစ်ဖန် ဖောလစ်အက်စစ်ကဲ့သို့သောဓာတ်များပါရှိသဖြင့် သွေးအားကောင်းမွန်စေကြောင်း ၎င်းတို့၏ သုတေသနပြုချက်တွင် ဆက်လက်ဖော်ပြထားသည်။
အကြံပြု
အာလူးကို ပုံမှန်စားသုံးသူများသည် နှလုံးသွေးကြောကျဉ်း ရောဂါအပြင် နှလုံးနှင့်ပတ်သက်သောရောဂါ
များ ဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်သဖြင့် သတ်မှတ်ချက်အတိုင်း စားသုံးသင့်ကြောင်း အမေရိကန်ဆေးသိပ္ပံပညာ ရှင်များက အကြံပြုထားသည်။ ။

No comments: