Friday, September 18, 2009

ကင်ဆာရောဂါကာကွယ်ရေး ပန်းဂေါ်ဖီ စားသုံးပေး

ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်နှင့် ကွမ်းသီးဂေါ်ဖီထုပ်ကဲ့သို့သော ဟင်းသီးဟင်းရွက်များသည် ကင်ဆာရောဂါကာကွယ်ရေးတွင် များစွာထိရောက်ကြောင်း သုတေသီများကထပ်မံတွေ့ရှိကြသည်ဆို၏။
ပန်းဂေါ်ဖီက လှီးဖြတ်စားသုံးသောအခါ ကင်ဆာဖြစ်စေသည့် ဓာတုပစ္စည်းကို အာနိသင်ပြေစေသည့် အင်းဇိုင်းကို ထုတ်ပေးသည်။သို့ဖြင့် ရင်သားကင်ဆာကလာပ်စည်းများ တိုးပွားမှုကို ရပ်တန့်သွားစေသည်။
ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့်တကွ မမျိုးဥအိမ်ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ ဖြစ်နိုင်ဖြေ လျော့ပါးသွားစေကြောင်း ပန်းဂေါ်ဖီနှင့် သတ်သက်၍ သုတေသနပြုတွေ့ရှိသည် ဆို၏။
နိုင်ငံတကာ ကင်ဆာဂျာနယ်တွင် ထိုကင်ဆာရောဂါများသာမက ဆီးအိတ်၊ သည်းခြေအိတ်ကင်ဆာများပါ အကျုံးဝင် ကာကွယ်တားဆီးနိုင်သည်ဟု ပန်းဂေါ်ဖီနှင့် ပတ်သက်၍ နောက်ဆုံးဖော်ပြထားသည်ကို တွေ့ရသည်ဆို၏။

No comments: