တရုတ်နိုင်ငံ ဟီဖီဒေသတွင် နှင်းများထူထပ်စွာ ကျနေသဖြင့် ခရီးသည်တင်ကားများ ရပ်ထားရသည်ကို ဇန်နဝါရီ ၂၈ရက်က တွေ့ရစဉ်။တရုတ်နိုင်ငံ၏ အချို့သောဒေသများတွင် ဇန်နဝါရီ၁၀ရက်မှစ၍ ဆီးနှင်းများ ထူထပ်စွာကျဆင်းပြီး အအေးဓာတ် လွန်ကဲမှုကြောင့် ၂၄ဦးသေဆုံးသွားကြောင်း အရပ်ဘက်ရေးရာ ဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားသည်။
ရာသီဥတု ဆိုးရွားမှုဒဏ်ကို အန်ဟွေး၊ ကျန်စီ၊ ဟူဘေနှင့် ဟူနန်ပြည်နယ်များ အပါအဝင် ပြည်နယ်၁၄ခုတွင် ကြုံတွေ့နေရသည်။ ရာသီဥတု ဆိုးရွားမှု အခြေအနေသည် နှစ်၅၀အတွင်း အဆိုးရွားဆုံး ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။ သေဆုံးသူများတွင် ၁၀ဦးမှာ အိမ်များပြိုကျသည့်အတွက် သေဆုံးရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင် တစ်သန်းနီးပါးတို့က လမ်းများ၊ တံတားများ၌ ယာဉ်များပိတ်ဆို့နေမှုကို ရှင်းလင်းဖယ်ရှား ပေးနေရသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆီးနှင်းများဖုံးလွှမ်းနေသော တောင်ပေါ်လမ်း၌ ခရီးသည်၃၈ဦး လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီး လမ်းချော်ပြီး ပေ၁၃၀နက်သော ချောက်အတွင်းသို့ ထိုးကျသွားသဖြင့် ခရီးသည် ၂၅ဦးသေဆုံးသွားသည်။

အင်တာနက်။
No comments:
Post a Comment