Thursday, January 31, 2008

ပေါလ်ဝူဖိုဝစ်ဇ်အား သမ္မတဘုရှ်၏ အထက်တန်းလက်နက်ထိန်းချုပ်ရေး အကြံပေးအဖြစ်ခန့်အပ်


ကမ္ဘာဘဏ်ဥက္ကဌဟောင်း ပေါလ်ဝူဖိုဝစ်ဇ်အား နိုင်ငံတကာ လုံခြုံရေးအကြံပေးဘုတ်အဖွဲ့တွင် အဆင့်မြင့် အကြံပေးအဖြစ် ခန့်ထားခဲ့ရာ အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့နှင့် ပတ်သက်သောကိစ္စများကို ဘုရှ်အစိုးရမှ ကိုင်တွယ်ရာတွင် မစ္စတာဘုရှ်၏ အီရတ်ကျူးကျော်ရေးစစ်ပွဲတွင် စစ်လိုလားခဲ့သူတစ်ဦးအား အစိုးရအဖွဲ့တွင် တရားဝင်တာဝန်တစ်ခု ပြန်လည်းပေးအပ်လိုက်ခြင်းပင်ဖြစ်သည်။ ဘုရှ်အစိုးရအဖွဲ့၏ တာဝန်မှာ လက်နက်ထိန်ချုပ်ရေး နျူကလီးယားမပြန့်ပွားရေးနှင့် ဆပ်စက်သောကိစ္စများတွင် လွတ်လပ်စွာ အကြံပေးရန် ဖြစ်သည်။
ယင်းဘုတ်အဖွဲ့သည် အစိုးရအဖွဲ့မှ ရင်ဆိုင်နေသော အီရန်နိုင်ငံ၏ မသင်္ကာဖွယ်ရာ လျှို့ဝှက်သော နျူကလီး ယားလက်နက်များ စီမံကိန်း၊ မြောက်ကိုရီးယားအား နျူကလီးယားလက်နက် သူတေသန လုပ်ငန်းများ ရပ်တန့်အောင် သွေးဆောင်ရေး၊ အိန္ဒိယနိုင်ငံနှင့် အရပ်ဘက်သုံး နျူကလီးယား အပေးအယူပြုရေး စသည်တို့ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ မစ္စတာ ပေါဝူဖိုဝစ်ဇ်အား ခန့်အပ်ခြင်းသည် ဘုရှ်အစိုးရအား ကာကြာရှည်စွာ အမှုထမ်းရွက်ခဲ့သည့်အတွက် ရရှိသော ဆုလာဘ်အဖြစ်အများက မြင်ကြသည်။ နိုင်ငံခြားရေးရာ မူဝါဒ ကျွမ်းကျင်သူများ အထက်လွှတ်တော် အမတ်များ၊ ပြည်သူ့ဝန်ထမ်းများဖြင့် စုပေါင်းဖွဲ့ စည်းထားသော ဘုတ်တွင် ထိပ်ဆုံးရာထူး၌ ၄င်းအား ခန့်အပ်ခဲ့ခြင်းမှာ မစ္စတာဘုရှ်အနေဖြင့် အီရန်နှင့် မြောက်ကိုရီးယားအပေါ် ရှုမြင်ရာတွင် သံတမန်ရေးရာချဉ်းကပ်နည်းများကို မဲတင်ပေးနိုင်မည့် အင်အားရှိသော အမြင်များကို အလိုရှိနေကြောင်း သိသာလျက်ရှိသည်။
နိုဝင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သော အမျိုးသား ထောက်လှမ်းရေးခန့်မှန်းချက် အစီရင်ခံစာတွင် အီရန်နိုင်ငံအစိုးရက နျူကလီးယားဗုံးပြုလုပ်ရေး အစီအစဉ်အား ၂၀၀၃ခုနှစ်ကပင် စွန့်လွှတ်ခဲ့ကြောင်း ကောက်ချက်ချ ဖော်ပြခဲ့ရာ သမ္မတဘုရှ် အနေဖြင့် အရှက်ရခဲ့သည်။

No comments: