တက္ကဆပ်စ်ပြည်နယ် စတီးဖင်ဗီးလ်ဒေသတွင် အမျိုးအမည်မသိရသောပျံသန်းနေသည့်ယာဉ် UFOများကိုဒေသတွင်နေထိုင်သူတို့က မြင်တွေ့ခဲ့ရကြောင်း ၊ ကြီးမားသောUFO တစ်ခုကို ဂျက်တိုက်လေယာဉ်နှစ်စင်းက နောက်ယောင်ခံ လိုက်ခဲ့သည်ကိုပင် တွေ့မြင်ခဲ့ရကြောင်း သတင်းများထွက်ပေါ်ခဲ့ရာ လေတပ်အရာရှိများက ၄င်းတို့၏တိုက်လေယာဉ်များထိုဒေသတွင် လေ့ကျင့်မှုပြုလုပ်ခဲ့သည်ဟုပြောကြားခဲ့ကြသည်။ ဇန်န၀ါရီလ ၈ရက်နေ့က ၄င်းတို့တွေ့မြင်ခဲ့ရပုံကို လေတပ်မှပြောကြားပုံများက ဒေသခံများအားကျေနပ်မှု မရှိခဲ့ပေ။ လူအတော်များများက ဂျက်လေယာဉ်နှစ်စင်းမှ မိုင်ဝက်ခန့် ကျယ်ဝန်းသော ကိုယ်ထည်ရှိသည့် ပုဂံပြားပျံကြီးကို နောက်ယောင်ခံလိုက်ခဲ့ကြသည်ကို တွေ့မြင်ရကြောင်းဖြင့် ၄င်းတို့၏ ပြောကြားချက်ကို ပို၍ကြီးကျယ်ခိုင်မာလာစေရန် ပြုလုပ်ခဲ့ကြသည်။
UFOသတင်းဆက်သွယ်ရေးအဖွဲ့၏ တက္ကဆပ်စ် ပြည်နယ်ဒါရိုက်တာ ကင်းနက်ချာရီက
ဤသတင်းသည်ဤဒေသ၌UFOလှုပ်ရှားမှုများရှိသည်ဟု မိမိတို့၏ပြောကြားမှုများကို ထောက်ခံသည်ဟုပြောကြားခဲ့သည်။ ယင်းအဖွဲ့စည်းသည်ပြီးခဲ့သည့်အပတ်ကပြုလုပ်ခဲ့သော အစည်းအဝေးဒေတခံတို့၏ သတင်းပေး၅၀ကျော်ကို လက်ခံရရှိခဲ့သည်ဟုဆိုသည်။
ထိုဖို့တ်ဝပ်ဒေသရှိ ရေတပ်နှင့်လေတပ်ပူးပေါင်းစခန်းမှ အရာရှိများကပထမတွင် ၄င်းတို့၏လေယာဉ်များတစ်စီးမှမရှိခဲ့သည်ဟု ပြောကြားခဲ့သော်လည်းယမန်နေ့ကမူ အက်ဖ်-၁၆ လေယာဉ်၁၀စင်းထိုနေ့ကအဆိုပါဒေသတွင်ရှိနေခဲ့ကြောင်းပြောကြားခဲ့သည်။ အရာရှိများက၄င်းတို့မှားသွား၍ အမှန်ကိုပြန်လည်ပြင်ဆင်ပြောကြားခဲ့ကြောင်းဖြစ်သည်ဟုဆိုသည်။ ဗိုလ်မှုးကားလ်လီဝစ်ကယခုလ စောစောပိုင်းတွင် ဒေသခံလူထုကိုမြင်တွေ့ခဲ့ကြရသည့် အရာမှာပုဂံ ပြားပျံမဟုတ်ပဲအရပ်ဖက်လေယာဉ် လေယာဉ်နှစ်စင်းနှင့်ဝင်နေသည့် နေ၏ရောင်ပြန်များဖြစ်သည်ဟုပြောကြားခဲ့သည်။
လေးစားထိုက်သောစီးပွားရေးလုပ်ငန်းရှင်များနှင့် ခရိုင်ရဲအဖွဲ့ဝင် တစ်ဦးက မူလူဒါဇင်ပေါင်းများစွာ တို့ကကြီးမားသည့် ပျံသန်းနေသောအရာသတ္တုကြီးက လေယာဉ်ပျံတစ်စင်းပို၍ လျင်မြန်စွာဖြင့် နိမ့်စွာပျံသန်းခဲ့ရာ သင့်တင့်သည့်မီးရောင်များတွေ့မြင်ရသည်ဟုပြောကြားခဲ့ကြသည်။ မိမိတို့မြင်တွေ့ခဲံကြခြင်းမှာ အရပ်ဘက်လေယာဉ်တစ်စင်းမဟုတ်သည်မှာ သေချာကြောင်းအာမခံပြောကြားခဲ့သည်ဟုကုန်သွယ်လေယာဉ်မှုးတစ်ဦးနှင့် ကုမ္မဏီပိုင်ရှင်ဖြစ်သူ စတိဗ်အယ်လင်က ပြောကြားခဲ့သည်။
Friday, February 1, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment