Sunday, January 20, 2008

အီရန်၏နျူကလီးယားအစိအစဉ် အနောက်အုပ်စု ဖိအားပေးမှုမအောင်မြင်

အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်ပက်သက်၍ အနောက်အုပ်စု၏ ဖိအားပေးရန်ကြိုးပမ်းမှုများမှာ မအောင်မြင်ခဲ့ကြောင်း အီရန်နိုင်ငံ၏ နျူကလီးယားစေ့စပ်ရေးမှူး ဆာအစ်ဂျလီးက ဇန်န၀ါရီ၁၇ရက်၌ ပြောကြားသည်။
အီရန်နိုင်ငံက နျူကလီးယားဗုံးထုတ်လုပ်မည်ကို အနောက်အုပ်စုက စိုးရိမ်ပြီးအီရန်အပေါ် ကုလသမဂ္ဂက နှစ်ကြိမ်မြောက်အဖြစ် ပိတ်ပင်အရးယူနိုင်ရန်ဖန်တီးခဲ့သည်။ အီရန်နိုင်ငံကလျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် အတွက်သာ ရည်ရွယ်ကြောင်းပြောကြားသည်။

ဖိအားပေး
အီရန်အား အရေးယူပိတ်ပင်ရန် ဖိအားပေးခဲ့ကြသည့်နိုင်ငံများမှာ အောင်မြင်မှုတစ်စုံတစ်ရာမျှ မရရှိကြောင်း အီရန်နျူးကလီးယား စေ့စပ်ရေးမှူး ဆာအစ်ဂျလီးက ပေကျင်းခရီးစဉ်တွင် အိုင်အာရ်အင်န်အေ သတင်းဌာနသို့ ပြောကြားလိုက်သည်။

ပြောကြား
ယခုအခါတွင် ကမ္ဘာ့အခြေအနေမှာ ပြောင်းလဲလာပြီး အီရန်နိုင်ငံ၏ ယုတ္တိရှိသော အပြုအမူအပေါ် မည်သူမျှ မတရားလုပ်၍မရကြောင်း အီရန်နျူကလီးယားစေ့စပ်ရေးမှူး ဆာအစ်ဂျလီးက ပြောကြားသည်။
အမ်အင်န်အေ၊ရိုက်တာ

No comments: