အီရန်သမ္မတ မာမွတ်အာမက်ဒီနီဂျက်ဇ်အီရန်နိုင်ငံသမ္မတ မာမွတ်အာမက်ဒီနီဂျက်ဇ်က အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်အား မကြာသေးမီက အရှ့အလယ်ပိုင်းသို့ လာရောက်လည်ပတ်ရာတွင် ဒေသတွင်း၌ သွေးခွဲသပ်လျှိုရေး မျိုးစေ့များချသွားကြောင်း စွပ်စွဲပြောကြားလိုက်သည်။
(အင်တာနက်)
သတိပေးခဲ့
သမ္မတဘုရှ်သည် အရှေ့အလယ်ပိုင်းသို့ လာရောက်ရာတွင် အီရန်ကို ခြိမ်းခြောက်ရန် အာရပ်နိုင်ငံများအား သတိပေးခဲ့သည်ဟု သမ္မတအာမက်ဒီနီဂျက်ဇ်က ပြောကြားသည်။တွေ့ဆုံမေးမြန်း
အစ္စရေးတို့သည်လည်း အီရန်ကိုမတိုက်ရဲကြောင်း အဆိုပါအီရန်ခေါင်းဆောင်က အယ်လ်ဂျာဇီးရာ ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းရာတွင် ပြောကြားသည်။ကြေညာ
အစ္စရေးနိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်မည်ဟု ကြေညာခဲ့ခြင်းကို အကြောင်းပြု၍ အီရန်သမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ ဂျူးအခြေစိုက်နိုင်ငံအား ခြိမ်းခြောက်မှုကာကွယ်ရန် တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်သွားမည်ဖြစ်ကြောင်း အစ္စရေးမီဒီယာများက ရေးသားဖော်ပြသည်။ အဆိုပါဒုံးကျည်သည် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်သွားနိုင်သည်ဟုဆိုသည်။ပြောကြား
အိရန်နိုင်ငံသည် ၂၀၁၀ပြည့်နှစ်တွင် နျူကလီးယားလက်နက် ပိုင်ဆိုင်လာပြီး ဂျူးအခြေစိုက်နိုင်ငံအား ခြိမ်းခြောက်လိမ့်မည်ဖြစ်ကြောင်း အစ္စရေးတို့က ပြောကြားသည်။ အီရန်နိုင်ငံသည် ကမ္ဘာ့အကြမ်းဖက်မှုများကို ဦးဆောင်ဦးရွက်ပြုလုပ်နေသည့် နိုင်ငံဖြစ်ကြောင်း သမ္မတဘုရှ်က အစ္စရေးနှင့် အနောက်ဘက်ကမ်းမြို့သို့ လာရောက်လည်ပတ်ရာတွင် ပင်လယ်ကွေ့နိုင်ငံ ခေါင်းဆောင်များအား ပြောကြားသည်။(အင်တာနက်)
No comments:
Post a Comment