Tuesday, January 29, 2008

ကင်ညာအနောက်ပိုင်းတွင် အဓိကရုဏ်းဖြစ်၊ ၂၇ဦးသေဆုံး

ကင်ညာနိုင်ငံ အနောက်ပိုင်း နကူရှူးမြို့တွင် ရန်ကုန်အုပ်စုနှစ်စုအကြား အပြန်အလှန် တိုက်ခိုက်ကြရာမှ အနည်းဆုံး ၂၇ဦးသေဆုံးသွားသည်။
သုံးရက်ရှိ
နကူရှူးမြို့သည် ယခင်အခါက ငြိမ်းချမ်းအေးဆေးသော မြို့တစ်မြို့ဖြစ်ခဲ့သော်လည်း ယခုအခါဆူပူမှုများ ဖြစ်ပွားနေသည်မှာ သုံးရက်ရှိသွားပြီဖြစ်သည်။ ယင်းမငြိမ်မသက်မှုများကို ထိန်းသိမ်းရန်အတွက် ပထမဦးဆုံး အကြိမ်အဖြစ် စစ်ဘက်မှတပ်ဖွဲ့များကို ချထားခဲ့သည်။
ဒီဇင်ဘာလက ကျင်းပပြီးစီးသွားသည့် ရွေးကောက်ပွဲ၏ ရလဒ်ကိုမကျေနပ်သဖြင့် အစိုးရကိုထောက်ခံ သူများနှင့် ဆန့်ကျင်သူများအကြားတစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ကြခြင်းဖြစ်သည်။
ရမ်းကားသူလူအုပ်များသည် ပုဆိန်များ၊ အဆိပ်လူးမြားများဖြင့် ပစ်ခတ်တိုက်ခိုက်ကြသည့်အပြင် ခဲများဖြင့် ပစ်ပေါက်ပြီး တုတ်များဖြင့်လည်း ရိုက်နှက်ကြသည်။ နွမ်းပါးသူများနေထိုင်ရာရပ်ကွက်များတွင် လူနေအိမ် များကို ဖျက်ဆီးကြသည်သာမက လူများကိုပါ မီးရှို့သည့် အဖြစ်များပေါ်ပေါက်ခဲ့ကြောင်း မီဒီယသတင်း များကဖော်ပြသည်။
တိုက်ခိုက်
လက်ရှိသမ္မတ မ၀ါကီဘာကီကိုထောက်ခံသူ ကီကူယူလူစုများနှင့် ဆန့်ကျင်ဘက်ခေါင်းဆောင် ရာလာအိုဒင်ဂါ ကိုထောက်ခံသူ လျူအိုနှင့် ကလန်ဂျင် လူအုပ်စုများအကြားတိုက်ခိုက်ကြခြင်းဖြစ်သည်။
ဒီဇင်ဘာ၂၈ရက်ကကျင်းပသော ရွေးကောက်ပွဲတွင် မ၀ါကီဘာကီကမဲလိမ်၍ အနိုင်ယူသွားသည်ဟု အိုဒင် ဂါကစွပ်စွဲပြီးနောက် နေရာဒေသ အများအပြား၌ ဆူပူမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

No comments: