Wednesday, January 30, 2008

နျူကလီးယားပြဿနာအပေါ် ထိန်းချုပ်ထားရန် အီရန်က လုံခြုံရေးကောင်စီသို့ မေတ္တာရပ်ခံ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီမှ အစီရင်ခံစာမထုတ်ပြန်မီ
ဖေဖော်ဝါရီ ၂၀ရက်အထိ ကန့်သတ်အရေးယူ ဆောင်ရွက်မှုများအလုပ်ရန် အီရန် နိုင်ငံခြားရေးဝန်ကြီး
မော်တာကီက စနေနေ့တွင် တိုက်တွန်းလိုက်သည်။
လုံခြုံရေးကောင်စီက ထိန်းချုပ်မှုပြုလုပ်နိုင်ရန် တိုက်တွန်းပါကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်းအဝေး
ကျင်းပစဉ် မော်တာကီက ပြောကြားသည်။
မိမိတို့က နျူကလီးယားမပြန့်ပွားရေး စာချုပ်ကို ထောက်ခံပြီး ယင်းကိစ္စနှင့် သက်ဆိုင်သည့်
အဖွဲ့အစည်းများနှင့် စေ့စပ်ညှိနှိုင်းရန် အသင့်ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ ဗြိတိန် ၊
တရုတ် ၊ ပြင်သစ် ၊ဂျာမနီ ၊အမေရိကန်နှင့် ရုရှားတို့၏ အဆိုပြုချက်အရ ကုလသမဂ္ဂလုံခြုံရေး
ကောင်စီက အီရန်အပေါ်နောက်ထပ်အရေးယူ ကန့်သတ်မှုများ ပြုလုပ်လာဖွယ်ရှိကြောင်း ဝေဖန်သုံးသပ်မှုများ
ထွက်ပေါ်လာပြီးနောက်မော်တာကီက ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။
အီရန်နိုင်ငံ၏ နျူကလီးယားပြဿနာ ဖြေရှင်းရန်အတွက် အိုင်အေအီးအေမှ စစ်ဆေးရေးမှူးများ စေလွှတ်ရန်
ကိစ္စအပေါ် အီရန်နှင့် အထင်ကရခြောက်နိုင်ငံတို့အတွင်း နားလည်မှုရရှိထားပြီဟု မော်တာကီက
ဆက်လက်ပြောကြားသည်။

No comments: