
ကမ္ဘာ့ပထမဆုံး အာကာသခရီးတိုသွား အခပေးအာကာသယာဉ်ပုံစံငယ်အား အာကာသစွန့်ဦးထွင် စီးပွားရေး လုပ်ငန်းရှင် ဆာရစ်ချက်ဘရန်ဆန်က ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ ဒေါ်လာနှစ်သန်း ကုန်ကျမည့် အာကာ သ ခရီးစဉ်များကို လာမည့်နှစ်မှ စတင်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ယခုအချိန်အထိ ကြိုတင်လက်မှတ်ဝယ်ယူထား သူ ၂၀၀ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ နှစ်နာရီသာကြာမြင့်မည့် အာကာသခရီးစဉ်ကို ပို့ဆောင်ပေးမည့် Space Ship Two အာကာသယာဉ်၊ ၄င်းအား ချိတ်ဆက်သယ်ဆောင်ပေးမည့် လွှတ်တင်အမြွှာလေယာဉ် White Knight Two တို့၏ ပုံစံငယ်များကို ပြသခဲ့သည်။ ယင်းယာဉ်ဖြင့် ခရီးသည်ခြောက်ဦး သယ်ဆောင်နိုင်မည်ဖြစ်သည်။ အာကာသ ခရီးရှည်များမှာ လူတစ်ဦင်္းလျှင် ဒေါ်လာသန်း ၂၀အထိ ကြာမြင့်လေ့ရှိသည်။
No comments:
Post a Comment