Thursday, January 31, 2008

အမေရိကန်နှင့် အီရန်တို့အကြား စစ်ပွဲဖြစ်ပွားလာနိုင်ခြေ အဘယ်မျှ ရှိသနည်း

အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာ ထွက်ပေါ်လာသည့်နောက်တွင် တင်းမာမှုများ နိမ့်ကျသွားခဲ့သော် လည်း သမ္မတဘုရှ်က ပင်လယ်ကွေ့နိုင်ငံများသို့ ခရီးလှည့်လည်ခဲ့ရာတွင် အီရန်နှင့်ပါတ်သက်၍ လုပ်ဆောင်ဖွယ် နည်းလမ်းအားလုံးကို အသင့်ရှိထားရှိကြောင်း ပြောကြားခဲ့ပြန်သည်။ အထူးသဖြင့် ပင်လယ်ကွေ့ဒေသတွင် အမေရိကန် စစ်သင်္ဘောတစ်စင်းအား အီရန်ကတိုက်ခိုက်ခဲ့လျှင် အစိုးရ၏အမိန့်ပေးမှုမဟုတ်စေကာမူ ပြင်းထန် သည့်အကျိုးဆက်များကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သမ္မတဘုရှ်က သတိပေးပြေကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆွန်နီအာရပ်နိုင်ငံခေါင်းဆောင်များအား သံတမန်ရေးရာဖြင့် ဖြေရှင်းလိုကြောင်းပြောကြားခဲ့ သည်။
တစ်စိတ်တစ်ဒေသအားဖြင့် သမ္မတဘုရှ်က အာရပ်မဟာမိတ်များကိုရော အစ္စရေးကိုပါ အမေရိကန်ပြည်ထောင်စု က ဆက်လက်ဖိအားပေးလျက်ရှိကြောင်း အသိပေးရန် ကြိုးစားလျက်ရှိသည်။ ထို့အပြင် စိတ်မပါသော ဥရောပ သမဂ္ဂ၏ အီရန်နိုင်ငံအပေါ် နောက်ထပ်အပြစ်ဒဏ်များ ချမှတ်ရေးအတွက် ထောက်ခံစေလိုလျက်ရှိပြန်သည်။ ဘုရှ်ပုံစံချပေးသည့် ပင်လယ်ရေပြင်တွင် မဆင်မခြင် ဆုံးဖြတ်ချက်ချမိရာမှ တကယ်တိုက်ခိုက်ကြမည့်အရေးကို အမေရိကန်စစ်ဘက်နှင့် ပင်လယ်ကွေ့အာရပ်ကမ္ဘာအများစုက မဖြစ်စေရန် ကြိုးစားနေကြသည့် အရာပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဆိုင်ရာ တပ်မှူးရေတပ်ဗိုလ်ချုပ် ၀ီလျံ ဂျေဖော်လွန်က အီရန်ရေယာဉ်ငယ်များက ပို၍နီးကပ်အောင် တိုးလာခဲ့လျှင် မည်သည့်အချိန်တွင် တိုက်ရိုက် ခြိမ်းခြောက်မှုအဖြစ်စဉ်းစား၍ ရပ်တန့်ရန်လုပ်ဆောင်ရမည်နည်းဟု အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ ဇန်န၀ါရီလ ၆ရက်နေ့ ဖြစ်ပေါ်မှုတွင် ဟော်မုဇ်ရေလက်ကြား၌ အမေရိကန်စစ်သင်္ဘောသုံးစင်းအား အီရန်ရေယာဉ်ငယ်များက ၀ိုင်းအုံလာကြပုံမှာ မရှင်းလင်းလှဘဲ အင်္ဂလိပ်ဘာသာဖြင့် ပြောသော ကျွန်ုပ် သင့်တို့ ထံ လာနေသည်။ သင်တို့ မိနစ်အကြာတွင် ပေါက်ကွဲတော့မည်ဟူသော အသံများကပါ ရှင်းလင်းခြင်း မရှိပေ။ အီရန်တို့က ထိုအသံဖမ်းယူထားမှုကို လုပ်ဇာတ်ဆင်ထားခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။
မှတ်မှတ်ရရပင် အမရိကန်အရာရှိများက သတိပေးပစ်ခတ်မှုများကို မလုပ်ခဲ့ကြဘဲ အီရန်တို့ကလည်း ဆုတ်ခွာသွားခဲ့ကြသည်။ ဤကဲ့သို့ ကြောင်နှင့်ကြွက်ကစားသကဲ့သို့ လှုပ်ရှားမှုများမှ ပိုမိုပြင်းထန်သော ပစ်ခတ် မှုများ ဖြစ်လာပြီး နှစ်ဘက်လုံးမှပြန်၍ နောက်ဆုတ်ရခက်သွားနိုင်သည်။ ပင်လယ်ကွေ့၏ အဓိက သတင်းစာကြီးဖြစ်သော ခါလက်ခ်ျတိုင်းမ်က ဖြစ်ပေါ်လာသောခါလက်ခ်ျတိုင်းမ်က ဖြစ်ပေါ်လာနိုင်မှုများအပေါ် ပူပန်စွာဖြင့် ရေးသားဖော်ပြခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က ဤအဖြစ်အပျက်ကို အီရန်နိုင်ငံ၏ အမေရိကန်ပြည်ထောင်စုအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုဟူ၍ မမြင်ခဲ့ပေ။ သို့သော် အီရန်နိုင်ငံတို့အား ထိန်းချုပ်ထားနိုင်ခဲ့သော စိန်ခေါ်မှုဟူ၍ သဘောထားခဲ့သည်။ အမေရိကန်သမ္မတ ဘုရှ်နှင့်အီရန်သမ္မတ အာမက်ဒီနီဂျက်တို့ အာဏာရနေသေးသ၍ မတော်တဆ စစ်ပွဲဖြစ်ပွားနိုင်သော ခြိမ်းခြောက်မှုများသည် လူကအများတို့အား ခြောက်လှန့်နေဦးမည်ဟု ပင်လယ်ကွေ့၏ နိုင်ငံရေးသရုပ်ခွဲသမား မွတ်စတားဖာအလန်နီ က ပြေကြားခဲ့သည်။

No comments: