
ရုရှားတပ်ဖွဲ့ဝင်များသည် နိုင်ငံ၏လုံခြုံရေးကို ကာကွယ်ရန်နှင့် မဟာမိတ်နိုင်ငံများအား ကာကွယ်ပေးနိုင်ရန် လိုအပ်လာလျှင် နျူကလီးယားလက်နက်များ အသုံးပြုဖွယ်ရှိကြောင်း ရုရှားကြည်းတပ် ဗိုလ်ချုပ်ကြီး ယူရိဘာလုယက် စကီက ဇန်န၀ါရီ ၁၉ရက်တွင် ပြောကြားသည်။ မိမိတို့သည် မည်သည့်နိုင်ငံကိုမျှ တိုက်ခိုက်ရန် မရည်ရွယ်ကြောင်း၊ သို့ရာတွင် ရုရှားနိုင်ငံနှင့် ၄င်း၏မဟာမိတ်တို့အား ကာကွယ်ရန် လိုအပ်လာလျှင် နျူကလီး ယားလက်နက် အသုံးပြုဖွယ်ရှိကြောင်း အဆိုပါဗိုလ်ချုပ်ကြီးက ရုရှားစစ်ဘက်သိပ္ပံကျောင်း၌ကျင်းပသော သိပ္ပံဆိုင် ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်ကို အီတာတာ့စ်သတင်းဌာနက ကိုးကားဖော်ပြသည်။ လုံခြုံရေး ခြိမ်းခြောက်မှုအသစ်များ ပေါ်ပေါက်လာခြင်းနှင့်အတူ ရုရှားတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ခေတ်မီလက်နက်များကို ကိုင်တွယ်အသုံးပြုတတ်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဘာလုယက်စကီက ပြောကြားသည်။ ဘ၀သည် အမြဲတမ်း ပြောင်းလဲနေသကဲ့သို့ နိုင်ငံ၏လုံခြုံရေးကို ကာကွယ်ပေးရန်အတွက် ခေတ်မီယန္တရားများ ကိုင်တွယ်အသုံးပြုနိုင် ရန်မှာ အရေးကြီးဆုံးဖြစ်ကြောင်းလည်း ၄င်းက ပြောကြားသည်။ ဘာလုယက်စကီသည် အဆိုပါမိန့်ခွန်းကို ဂျော်ဂျီယာနိုင်ငံက နေတိုးအဖွဲ့သို့ဝင်ရန် ကြေငြာခဲ့ပြီး တစ်ရက်အကြာတွင် ပြောကြားခဲ့ သည်။
No comments:
Post a Comment