Friday, February 1, 2008

အီရန်ကိုပိတ်ဆို့အရေးယူရေး ရုရှားဆန့်ကျင်

ရုရားနိုင်ငံရေးဝန်ကြီး ဆာဂျီလက်ဗရော့က ဇန်န၀ါရီလ၂၂ရက် အင်္ဂါနေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတန်းအဖွဲ့ဝင်၅နိုင်ငံဖြစ်သော (အမေရိကန် ၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်) စသည့်နိုင်ငံများအနေနှင့် ဂျာမနီနိုင်ငံတို့၏အီရန်နိုင်ငံ၏နျူးကလီးယား ဆိုင်ရာအရေးယူဆောင်ရွက်ရေး အစည်းအဝေး၌အီရန်နိုင်ငံကိုစောင့်ကြည့်ရန်သာ အစည်းအဝေးမူကြမ်းတွင် ဖေါ်ပြထားသည်ဟုပြောကြားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သို့ထပ်မှန်တင်ပြ ဆွေးနွေးအတည်ပြု မည့်မူကြမ်းတွင် အီရန်နိုင်ငံအားတိုးမြှင့်အရေးယူပိတ်ဆို့ ရေးကိစ္စတစ်စုံတစ်ရာ မပါရှိပဲ အီရန်နိုင်ငံနှင့်ကုန်သွယ်မှု ပြုလုပ်သောနိုင်ငံများက သတိဖြင့်စောင့်ကြည့်ရန်သာတိုက်တွန်းထား သည်ဟုရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလက်ဗရော့ကပြောကြားခဲ့သည်။
အင်္ဂါနေ့ (ဇန်န၀ါရီလ ၂၂ရက်)နေ့တွင်သံတမန်အချို့က အီရန်နိုင်ငံအား အရေးယူပိတ်ဆို့မှု ပိုမိုတင်းကြပ်ရန် ခြောက်နိုင်ငံက သဘောတူခဲ့ကြ သည်ဟု ပြောကြားခဲ့ကြသည်။ ယခုရုရှားနိုင်ငံ၏၀န်ကြီး၏ပြောကြားချက်အရ နိုင်ငံတကာအား အီရန်နိုင်ငံ နှင့် ကုန်သွယ်ရေး ၊စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍများ ပြုလုပ်ရာတွင် သတိဖြင့်စောင့်ကြည့်ကြရန် နှိုးဆော်တိုက်တွန်း ထားကြောင်း ထိုကဲ့သို့သတိနှင့် စောင့်ကြည့်ခြင်းဖြင့် ကန့်သတ်ထားသည့် နျူးကလီးယား ထုတ်လုပ်၌အသုံးပြုနေသောပစ္စည်း များသယ်ယူလာခြင်း ဟုတ်မဟုတ် ဟုတ်မဟုတ်ကို သိရှိစေနိုင်မည်ဟုဆိုသည်။ အီရန်နိုင်ငံပေါ် ယခင်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများသည် အပြည်ပြည်ဆိုင်ရာအဏုမြူ စွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) နှင့် အီရန်နိုင်ငံတို့၏ ညှိနှိုင်းဖြေရှင်းမှု မပြီးသေးသမျှ ဆက်လက်တည်ရှိနေဦးမည် ဖြစ်ကြောင်းရုရှားနိုင်ငံခြားဝန်ကြီး ကပြောကြားခဲ့သည်။ ယခုထပ်မံ အတည်ပြုမည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်၌ အီရန်၏ နျူးကလီးယား ကိစ္စကို အမေရိကန်နိုင်ငံအပါအ၀င် သက်ဆိုင်ရာ နိုင်ငံ များက အီရန်နိုင်ငံနှင့်တိုက်ရိုက် ဆွေးနွေးညှိနှိုင်း သွားရန်တိုက်တွန်း ထားသည်ဟု ဆိုသည်။
အီရန် နိုင်ငံ ကမူ ၄င်း၏ နျူးကလီးယား သုတေသန လုပ်ငန်းသည် ငြိမ်းချမ်းရေး သက်သက် သာဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်သာရည်ရွယ်သည်ဟု ပြောကြားလျက်ရှိသည်။

No comments: