ဝန်ကြီးချုပ်ဂေါ်ဒွန်ဘရောင်းဦးဆောင်သော အဇွဲ့သည် ဇန်န၀ါရီလ ၂၀ရက် တနင်္ဂနွေနေ့က နယူးဒေလီသို့ ရောက်ရှိလာခဲ့ရာ ဗြိတိန်သည်အရပ်ဘက်ဆိုင်ရာ နျူးကလီးယား ကိစ္စရပ်များကို အိန္ဒိယနှင့် ပူပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားနေကြောင်း သတင်းများထွက်ပေါ် လာခဲ့သည်။
သို့ရာတွင်ယင်းသို့ပူးပေါင်းဆောင်ရွက်မှုသည် အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်များ ပြောင်းလဲလာသည့်တိုင်အောင် စောင့်ဆိုင်းရ ဦးမည်ဖြစ်သည်။
မစ္စတာဘရောင်းက အိန္ဒိယ၀န်ကြီးချုပ်မန်မိုဟန်ဆင်းနှင့် တနင်္ဂလာနေ့တွင် တွေ့ဆုံးဆွေနွေးအပြီး၌ အကောင်ထည်ဖော်ဆောင်ရွက်ရမည့် နျူးကလီးယား ကိစ္စရပ်များ ထုပ်ပြန်ရလိမ့်မည်ဟု မျှော်လင့်ရသည်။
ယင်းထိပ်သီးဆွေးနွေးပွဲတွင် အကြမ်းဖက်ကိစ္စရပ်များ ရာသီဥတုပြောင်းလဲလာမှုများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပြင် နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်မည့် ကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေး သွားကြမည်ဖြစ်သည်။
ဘရောင်း၏အိန္ဒိယ သို့ရောက်ရှိလာသောနှစ်ရက်ကြာခရီး စဉ်အတွက်သတင်းစာရှင်းလင်းပွဲနှစ်ရပ်ကျင်းပခဲ့ရာ တွင်အီန္ဒိယဆိုင်ရာဗြိတိန်သံအမတ်ကြီး ဆာရစ်ချက်စတက်က "အန္ဒိယနှင့်ဗြိတိန်နှစ်နိုင်ငံအကြား အရပ်ဘက်ဆိုင်ရာ နျူးကလီးယားပူးပေါင်းဆောင်ရွက်မှုသည် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးစည်းမျဉ်းများပေါ်တွင် မူတည်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။"
ယင်းကိစ္စရပ်နှင့် ပတ်သပ်၍ အန္ဒိယသည် အိုင်အေအီးအေနှင့် လည်းကောင်း ၊၄၅ နိုင်ငံနျူးကလီးယား ထောက်ပံ့ရေး အုပ်စု NSG နှင့်လည်းကောင်း ညှိနှိုင်းဆွေးနွေးလျက်ရှိနေပြီး ဗြိတိန်သံအမတ်ကြီး ကဘရောင်း အစိုးရသည် ဗြိတိန် နျူးကလီးယား စွမ်းရည်ကို ပိုမိုမြှင့်တင်ရန်ဆန္ဒပြင်းပြနေသည်ဟု ပြောကြားခဲ့သည်။
Friday, February 1, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment