Saturday, February 2, 2008

အယ်လ်ကေဒါနှင့်တာလီဘန်တို့က မစ္စဘူတို့အားလုပ်ကြံခဲ့ကြကြောင်း စီအိုင်အေပြောကြား

ဒီဇင်ဘာ၂၇ရက်နေ့ကပါကစ္စတန်နိုင်ငံ ရာဝါပင်ဒီမြို့တွင် မစ္စဘူတိုအားလုပ်ကြံခံခဲ့ကြသူများ မှာအယ်လ် ကေဒါနှင့် တာလီဘန်ကဲ့သိုံသော ဘာသာရေးအစွန်းရောက်တို့ဖြစ်ကြသည်ကို ယုံမှားသံသယဖြစ်စရာ မလိုကြောင်းအမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့(စီအိုင်အေ)ညွှန်ကြားရေးမှူးက ပြောကြားလိုက်သည်။
စီအိုင်အေညွှန်ကြားရေးမှူး မိုက်ကယ်ဟေဒင်က ၀ါရှင်တန်ပို့စ် သတင်းစာသို့ ပြောကြားရာ၌ ပါကစ္စတန် လူမျိုးစုခေါင်းဆောင် ၊ ဘာသာရေးအစွန်းရောက်ဝါဒီ ဘိုင်တူလာဆွတ်၏ အဖွဲ့ဝင်များက မစ္စဘူတိုအား လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်ဟု (စီအိုင်အေ) အဖွဲ့က ကောက်ချက်ချခဲ့သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။
မစ္စဘူတိုသေဆုံးခဲ့စဉ်က သူသည်စီးနှင်းလာသော မော်တော်ကားခေါင်းမိုး ဘားတန်းနှင့် ရိုက်မိသည့်ဒဏ်ရာ ကြောင့် သေဆုံးသည်ဟု ပါကစ္စတန်အစိုးရက ကြေညာခဲ့ခြင်းအပေါ် ဝေဖန်ခဲ့ခြင်းဖြစ်သည်။ စီအိုင်အေညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားရာ၌ ဘိုင်တူလာဆွတ်နှင့် အသိုင်းအ၀န်းက စီမံချမှတ်လျက် မစ္စဘူတိုအား အသေခံဗုံးခွဲတိုက်ခိုက်ခြင်း အပါအ၀င်နည်းမျိုးစုံဖြင့် လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့ကြ သည်ဟုပြောကြားခဲ့ကြသည်။
အခြားအမေရိကန်အစိုးရပိုင်း ပုဂ္ဂိုလ်များကမူ ဤယူဆနိုင်ဖွယ်ရာ အချက်တစ်ရပ်ဖြစ်သော်လည်း ၄င်းအယူဆ မှန်သည် မှားသည် ကိုသက်သေထူနိုင်ရန် လိုအပ်သေးသည်ဟုဆိုသည်။ ပါကစ္စတန် လူမျိုးစုခေါင်းဆောင် တူလာမာဆွတ်သည် အယ်လ်ကေဒါတို့ထံမှ အကူအညီများရရှိနေသည့် အလျောက်ပါကစ္စတန် နိုင်ငံ ၏တည်ငြိမ်မှုအတွက်အန္တရာယ်ရှိသည်ဟုပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏လူမျိုးစုခေါင်းဆောင်မာဆွတ်သည် မစ္စဘူတိုအသတ်ခံရသည့်နေ့က တယ်လီဖုန်းဖြင့် ဘာသာရေး ခေါင်းဆောင် တစ်ဦးကသူ၏ လူများကဘူတိုအားလုပ်ကြံသတ်ဖြတ်မှုအတွက ၀မ်းမြောက် ကြောင်းပြောကြားခဲ့မှုကို အသံသွင်းထားသည့်အတိုင်း ပါကစ္စတန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ရာ မစ္စဘူတိုကို ၄င်းတို့သတ်ဖြတ်ခြင်းမပြုခဲ့ကြောင်း မာဆွတ် က ငြင်းဆိုခဲ့သော်လည်း ဖုန်းပြောကြားခဲ့မှု အသံသွင်းထားသည့် အချက်နှင့်ပတ်သက်၍မူမည်သို့မျှငြင်းဆိုခဲခြင်းမရှိဟုဆိုသည်။
ထို့ကြောင့်မည်သည့်အဖွဲ့အစည်းကမဆို မစ္စဘူတိုအားလုပ်ကြံ သတ်ဖြတ်သူကို ထုတ်ဖော်ပြောကြားပါက အဘယ်ကြောင့်ထိုကဲ့သို့ပြောကြားရသည်ကို ခိုင်လုံသောသက်သေအထောက်အထား ပြသရန်လိုအပ်သည်ဟု ပါကစ္စတန်ပြည်သူပါတီက ယုံကြည်ကြောင်းပြောကြားခဲ့သည်။

No comments: