Sunday, February 3, 2008

သမ္မတဘုရှ်၏ မိန့်ခွန်းအပြီးတွင်ပင် ဈေးကွက်များ၌ သောကရှိနေဆဲ

သမ္မတဘုရှ်က အမေရိကန်ရဲ့ စီးပွားရေး ယန္တရားကို ပြန်နှိုင်းဖို့ ဒေါ်လာကုဋေ၁၄၅၀၀မျှ ချပေးတဲ့ မိန့်ခွန်းအပြီးမှာပင် လုပ်ငန်းရှင်များဟာ သောကရှိနေဆဲဖြစ်တယ်လို့ သတင်းရရှိပါတယ်။
စင်စင်နာတီမြို့အခြေစိုက်၊ အရှေ့ဖျားရင်းနှီးမြှုပ်နှံမှုသုသေသန အဖွဲ့ရဲ့အကြီးတန်း စီးပွားရေး သရုပ်ခွဲပညာရှင်ရစ်ချက်စပါ့ခ်က ' ဒီစီမံကိန်းကော၊ ဗဟိုအရံငွေကြေးဌာနကကော၊ စီးပွားရေးမကျရေးအတွက်ကို လုပ်ဆောင်ဖို့စွမ်းပကားမရှိပါဘူး' လို့ပြောထားပါတယ်။
စီးပွားရေးပညာရှင်များက အမေရိကန်ရဲ့ စီးပွားရေးဟာ အဆုတ်ဘက်ဦးတည်ပြီလို့ ဟောကိန်းထုတ်
ထား ကြပါတယ်။
အမေရိကန်အိမ်၊ခြံ၊မြေ ဈေးကွက်ပြဿနာကြောင့် ရှယ်ရာအရောင်းအ၀ယ်ဟာခြောက်ကပ်သွားခဲ့ပြီး ကမ္ဘာ့နေရာအနှံှ့ဆီသို့ ဂယက်တွေ ပြန့်နှံ့သွားနေပါတယ်။
ဝေါလမ်းကစီးပွားရေးအကောင်ကြီးတွေဖြစ်တဲ့ စီးတီးဂရု၊ မယ်ရေးလင့်ခ်ျ၊ ဥရောပဘဏ်ကြီးတွေဟာ အမေရိကန်အိမ်၊ခြံ၊မြေ ဈေးကွက်ထဲကို မြှုပ်နှံမိလို့ ဒေါ်လာသန်းပေါင်းရာဂဏန်းချီပြီး အရှုံးပေါ်ခဲ့ကြောင်းဝန်ခံခဲ့ကြပါပြီ။ ဒီရှုံးတွေက၀င်ငွေကိုထိခိုက်လာတာဖြစ်ပြီး စားသုံးသူများနဲ့ စီးပွားရေးလုပ်ငန်းတွေကို ယခင်ကလိုဖောဖောသီသီမချေငှားနိုင်ဖြစ်စေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘဏ်အချင်းချင်းချေးငှားရေးမှာ မ၀ံ့မရဲဖြစ်လာကြတဲ့အပြင် ငွေချေးဝန်ဆောင်ခကို ပါတိုးမြှင့်ခဲ့ရပြီလို့ သိရပါတယ်။
ခရစ္စမတ်ကာလအတွင်းက ထုတ်ပြန်ကြေငြာခဲ့တဲ့ ကော်ပိုရိတ်ကုန်သွယ်ရေး အစီရင်ခံစာတွေ အတ္တလန္တိတ်သမုဒ္ဒရာရဲ့ နှစ်ဘက်စလုံးကထွက်လာတဲ့ စီးပွားရေး အစီရင်ခံစာတွေက ကြပ်တည်းတဲ့ စီးပွားရေး အခင်းအကျင်းတွေကို ပြသနေခဲ့ပြီးဖြစ်ပါတယ်။
အဆိုးဆုံးကတော့ မယ်ရေးလင့်ခ်ျကုမ္မဏီရဲ့ သမိုင်းမှာ အဆိုးဝါးဆုံးအရှုံးဖြစ်ထွန်းခဲ့တာမို့ အမေရိကန်ရဲ့ ဒေါင်းဂျုံးစ်ညွှန်ကိန်းဟာ ၂.၅% ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။

No comments: