Sunday, February 3, 2008

ထိုင်းနိုင်ငံတွင် ပါလီမန်သစ် ဖွင့်လှစ်

၂၀၀၆ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ စစ်တပ်ကအာဏာသိမ်းမှု နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ခံပါလီမန်ဟာ သူ့ရဲ့ပထမဆုံးအစည်းဝေးကို တနင်္လာနေ့ (၂၁-၁-၀၈)မှာကျင်းပခဲ့ကြပါတယ်။
ထိုင်းနိုင်ငံရွေးကောက်ခံ ပါလီမန် ရဲ့နောက်ဆုံးအစည်းအဝေးကျင်းပခဲ့တာ ၀န်ချုပ်ကြီးဟောင်းသက်ဆင် အရေးပေါ်ရွေးကောက်ပွဲမကျင်းပခင် ၂၀၀၆၊ ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
တနင်္လာနေ့ကကျင်းပတဲ့ ပါလီမန်ဖွင့်ပွဲအခန်းအနားကို အိမ်ရှေ့စံမင်းသား ဗာဂျီရာလောင်ကွန်က ကြီးကြပ်ပေးခဲ့ပါတယ်။ "ပါလီမန် အစည်းအဝေးကျင်းပခြင်းဟာ ကျွနုပ်တို့နိုင်ငံမှာ ဒီမိုကရေစီ နိဒါန်းကောင်းရဲ့ သွင်ပြင်လက္ခဏာတစ်ခုဖြစ်ပါတယ်။ သင်တို့ရဲ့တာဝန်ဟာ တည်ငြိမ်မှုကိုပြန်လည်ယူဆောင်လာဖို့နဲ့ နိုင်ငံကိုညီညွတ်စေဖို့ဖြစ်တဲ့အတွက် သိပ်ကိုအရေးကြီးပါတယ်" လို့ မင်းသားက ပါလီမန်အမတ်တွေကို ပြောဆိုခဲ့ပါတယ်။
ပါလီမန်လုပ်ငန်းတွေကို အင်္ဂါနေ့မှာစတင်မှာဖြစ်ပြီး အဲဒီနေ့မှာပါလီမန်ဥက္ကဌကို ရွေးချယ်ကြမှာဖြစ်ပါတယ်။ သောကြာနေ့မှာတော့ ၀န်ကြီးချုပ်တစ်ဦးကို ရွေးချယ်မှာဖြစ်ပါတယ်။

No comments: