ဗီယက်နမ်နိုင်ငံဟာ "ဗီယက်နမ်-အာရှထွန်းသစ်စကြယ်"ဆိုတဲ့ မူရိုးကို ပြဌာန်းပြီး ယူကောအခြေစိုက် "အီကောနောမစ်"မဂ္ဂဇင်းနဲ့ ပူးပေါင်းပြီးတော့ ဟနွိုင်းမြို့တော်မှာ ဇန်န၀ါရီလ(၈) ရက် နဲ့(၉)ရက်အတွင်း ပြည်ပကုမ္ပဏီတွေကို ဆွဲဆောင်တဲ့ ညှိနှိုင်းဆွေနွေးပွဲ ကျင်းပခဲ့ကြောင်းသိရပါတယ်။ "ယိုးဒယားအင်္ဂတေအုပ်စု" SCG ကုမ္ပဏီဆိုရင် ၁၉၉၀ တည်းကဗီယက်နမ်မှာ စတင်ရင်းနှီးမြုပ်နှံခဲ့ပြီး အခုဆိုရင်သင်းဖွဲ့ကုမ္ပဏီခုနှစ်ခုအထိ ပွားလာပြီးတော့ ရေနံဓာတု၊ စက္ကူဆောက်လုပ်ရေး ပစ္စည်းကဏ္ဍတွေမှာ ပါရင်းနှီးမြုပ်နှံနေကြပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့"တာတာ" သံမဏိလုပ်ငန်းကြီးကလည်း ဗဟိုဟတင့်ခရိုင်မှာ အမေရိကန်ဒေါ်လာကုဋေ ၃၅၀ ဖိုးမြုပ်နှံ ခဲ့ပါတယ်။ အခုအစည်းအဝေးမှာ ဟောင်ကောင်အခြေစိုက်ဘဏ်ကြီး တွေ ၊နိုကီယာ- စီးမင်းကွန်ရက် အပါအ၀င်ဆက်သွယ်ရေးကုမ္ပဏီကြီးတွေပါ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာဘဏ်ရဲ့ အစီရင်ခံစာအရဗီယက်နမ်ရဲ့စီးပွားရေးဟာ ၂၀၀၈ခုထဲမှာ ၈.၂% အထိဖွံ့ဖြိုးဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။ ဗီယက်နမ်ကို ကမ္ဘာဘဏ်က တိုက်တွန်းရာမှာ အဆင့်မြင့်နည်းပညာကို ယခုထက်ပိုပြီးမွေးစားဖို့ ၊ရယူဖို့လည်းပါဝင်ပါတယ်။ ဗယက်နမ်ရဲ့ အားထုပ်မှုဟာ ဒီမျှတင်မဟုတ်ပဲ ပြည်ပသို့လည်း မိမိအလုပ်သမားများကို တင်ပို့လုပ်ကိုင်စေခဲ့ရာမှာ ဗီယက်နမ်လုပ်သား လေးသိန်းခုနှစ်သောင်း ခန့် လုပ်ကိုင်နေပြီး ၂၀၀၈နှစ်အတွင်းနောက်ထပ် ၈၅၀၀၀ မျှပို့ပေးဖို့ ပ်ြငဆင်နေပါတယ်။ ဗီယက်နမ်လုပ်သားများဟာ ကမ္ဘာနိုင်ငံပေါင်း ၄၀မျှမှာအလုပ်လုပ်ကိုင်နေကြပါပြီ။ ဒီအပြင်ဗီယက်နမ်ဟာ လျှပ်တင်အုပ်ချုပ်စီမံ(အီး-ဂါးဗားနင့်စ်) အဆင်သစ်ဖြစ်ရေးကို အားထုပ်ရာမှာ တိုတက်မှုရှိခဲ့တာမို့ ယခင်က(၁၉၂) နိုင်ငံစာရင်း မှာ ၇၁မြောက်နေရာသို့ ရောက်လာခဲ့ပြီလို့ သိရပါတယ်။ ဒီစာရင်းမှာ အိန္ဒိယဆိုရင ယခင်က(၈၇) နေရာမှာ ရှိရာက ၂၀၀၈မှာ (၂၆)ဆင့်ကျသွားပြီး (၁၁၃) နေရာကိုရောက်ခဲ့ တယ်လို့ ဆိုပါတယ်။
Sunday, February 3, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment