
ပြည်ထောင်စုမြန်မာနိုင်ငံတော်နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အိန္ဒိယသမ္မတနိုင်ငံ စီးပွားရေးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန(Ministry of Commerce and Power) မှ Minister of state H.E.Mr. Tairam Ramesh အား ယနေ့မွန်းလွှဲ ၂ နာရီတွင်ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားဟိုတယ် အလုံခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ ဒေါက်တာကျော်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြပြီး Minister of state H.E.Mr. Tairam Ramesh နှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Bhaskar Kumar Mitra လည်းတက်ရောက်သည်။
No comments:
Post a Comment