မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများအတွက် နိုင်ငံတကာမှထောက်ပံ့ရေး ပစ္စည်းများပေးပို့လျှက်ရှိရာ ယူအေအီးနိုင်ငံ ဒူဘိုင်းအခြေဆိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ပလတ်စတစ်လိပ် တန် ၄၀ သည် DC -8 လေယဉ်ဖြင့် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်တွင်လည်းကောင်း၊ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံမှ နေရောင်ခြည်သုံး မီးအိမ်များ၊ ရွက်ဖျင်တဲများ၊ အရေးပေါ်သုံး ကျန်းမာရေးပစ္စည်းများ၊ ခြင်ထောင်များ၊ ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ခုနစ်တန်ခန့်သည် A-310 လေယာဉ်ဖြင့် နံနက် ၇ နာရီ ၃၉ မိနစ် တွင်လည်ကောင်း၊ မလေးရှားနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ (IFRC) မှစောင်များ၊ မီးချောင်းသုံးပစ္စည်းများ၊ တာပေါ်လင်များ စုစုပေါင်း ၃၈တန်ခန့် သည် IL-76 လေယာဉ်ဖြင့် နံနက် ၈ နာရီတွင်လည်းကောင်း၊ ထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ရွက်ဖျင်တဲများ၊ ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်းများ ၊ နိုက်ထရစ်အက်စစ်များ စုစုပေါင်း ၁၂ ဒဿမ ၂၉ တန်သည် AN-12 လေယာဉ်ဖြင့် နံနက် ၉ နာရီ ၅၅ မိနစ်တွင်လည်ကောင်း၊ သီရိလင်္ကာ ဒီမိုကတစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ အစားအစာမျိုးစုံ ၁၆၆၂ ပါကင် စုစုပေါင်း ၁၄ ဒဿမ ၉တန်သည် AN-12 လေယာဉ်ဖြင့် နံနက် ၁၀ နာရီ ၃၂ မိနစ်တွင်လည်းကောင်း အမေရိကန်ပြည်ထောင်စုမှ ပလတ်စတစ်စများ၊ ရေဘူးခွံများ၊ ရေသန့်ဘူးများ၊ အစားအသောက်များ၊ တာပေါ်လင်များ၊ ကျန်းမာရေးသုံးပစ္စည်းများ စုစုပေါင်း ၅၆ တန်ကျော်သည် C-130 လေယာဉ်ငါးစင်းဖြင့် နံနက် ၁၀နာရီ ၂၅ မိနစ်၊ မွန်းလွဲ ၁၂ နာရီ ၅မိနစ်၊ မွန်းလွဲ ၂ နာရီ ၅ မိနစ်နှင့် မွန်းလွဲ ၂ နာရီ ၄၉ မိနစ် တို့တွင်လည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံမှ အစားအစာများ၊ ဆေးဝါးများ စုစုပေါင်း ၇၃တန်ကျော်သည် MD-11 လေယာဉ်ဖြင့် မွန်းလွဲ ၁နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံမှ အားဖြည့်ခေါက်ဆွဲခြောက်များ စုစုပေါင်း ၂ ဒဿမ ၆၄ တန်သည် AN-12လေယဉ်ဖြင့် ညနေ ၅ နာရီ ၁၅ မိနစ်တွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိလာကြသည်။
အလားတူ ထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ မီးဖိုချောင်းသုံး ပစ္စည်း၊ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ တာပေါ်လင်များ စုစုပေါင်း ၂၄တန်ကျော်သည် AN-12လေယာဉ်နှစ်စင်းဖြင့် မေ ၂၄ ရက် ညနေ ၅ နာရီ ၃၈ မိနစ် နှင့် ည ၇ နာရီ မိနစ် ၂၀ တို့တွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိလာကြသည်။
မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ပြည်ပနိုင်ငံမှစေတနာရှင်များ လှူဒန်းသည့် ပစ္စည်းများသည် လေယာဉ်များ၊ သင်္ဘောဖြင့် အဆက်မပြတ်ရောက်ရှိလျက်ရှိရာ လေဆိပ်၊ သင်္ဘောဆိပ်များတွင် ပစ္စည်းလက်ခံယူရေးအဖွဲ့များက စနစ်တကျလက်ခံယူပြီး နှောင့်နှေး ကြန့်ကြာမှု မရှိဘဲ မုန်တိုင်းဒဏ်သင့်ရှိသော ဒေသများသို့ ရဟတ်ယာဉ်များ ၊ရယာဉ်များဖြင့် ချက်ချင်းဖြန့်ဝေပေးပို့လျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment