Monday, May 26, 2008

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကုလသမဂ္ဂနှင့် အာဆီယံတို့ ပူးတွဲကမကထ ပြုသော နိုင်ငံတကာမှ ငွေကြေးအကူအညီများနှင့် အခြားအကူအညီများ ........



ကုလသမဂ္ဂနှင့် အာဆီယံတို့ ပူးတွဲကမကထပြုသော နိုင်ငံတကာမှ ငွေကြေးအကူအညီများနှင့် အခြားအကူညီများ ကတိက၀တ်ပြုသည့်ညီလာခံကို ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းရှိ ဆီဒိုးနားဟိုတယ် Grans Ballroom ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားသည်။

တက်ရောက်
အဆိုပါညီလာခံသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ ကုလသမဂ္ဂလူသားချင်း စာနာမှု အကူပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးအကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် Mr.John Holmes၊အာဆီယံအမြဲတမ်းကော်မတီဥက္ကဌနှင့် စင်ကာပူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Mr.George Yeo ၊အာဆီယံအတွင်းရေးမှူးချုပ် Mr.Surin Pitsuwan ၊ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ဒုတိယ၀န်ကြီးများ၊သြစတြီးယား၊ဘင်္ဂလားဒေ့ရှ်၊ဘယ်လ်ဂျီယံ၊ဘရုနိုင်းဒါရုဆလမ်၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အီဂျစ်၊ဖင်လန်၊ ပြင်သစ်၊ဂျာမနီ၊ ဂရိ၊ အန္ဒိယ၊ အင်ဒိုနီးရှား၊အိုင်ယာလန် ၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ ကိုရီးယား သမ္မတနိုင်ငံ၊ ကိုရီးယားပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ လာအို ၊ လူဇင်ဘတ်၊ မလေးရှား၊ နီပေါ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ပိုလန်၊ ရုရှား၊ ဆားဘီးယား၊ စင်ကာပူ၊ ဆလိုဗေးနီးယား၊ တောင်ဖရိက၊ သီရိလင်္ကာ၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ထိုင်း၊ တူရကီ၊ ဗြိတိန်၊ ယူကရိန်း၊ နိုင်ဂျီးရီးယား၊ ဘရာဇီးလ်၊ စပိန်၊ ဟန်ဂေရီ၊ အမေရိကန်ပြည်ထောင်စု နှင့် ဗီယက်နမ်နိုင်ငံ ၊ စုစုပေါင်း ၅၁နိုင်ငံမှ ဒုတိယ၀န်ကြီးချုပ်များ၊ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ သံအမတ်ကြီးများ၊ အထူးကိုယ်စားလှယ်များ၊ အဆင့်မြင့် အရာရှိကြီးများ၊ ကုလသမဂ္ဂဌာနချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာဆီင်္ယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် EU ၊ UNFPA၊ WHO ၊ FAO၊ UNICEF၊ UNHCR၊ UNODC၊ WFP၊ ILO၊ UNDP၊ UNOPS၊ UNIC၊ IOM၊ IFRC၊ ICRC၊ WORLD BANK၊ ADB၊ UNAIDS၊ UNESCO၊ UN-Habitat၊ UNHQ၊ OCHA၊ WMO၊ MBC စသည့် နိုင်ငံတကာ အဖွဲ့အစည်း စုစုပေါင်း ၂၄ ခု နှင့် အကူအညီပေးရေး မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ညွန့်ပေါင်းအဖွဲ့ (Myanmar Business Coalition on AIDS ) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် အာဆီယံ အမြဲတမ်း ကော်မတီဥက္ကဋ္ဌ စင်ကာပူ သမ္မတနိုင်ငံ နိုင်ငံယြင်းညီလာခံတွင် သဘာပတိအဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံတာ် နိုင်ငံတော်ဝန်ကြီးချုပ်ခားရေးဝန်ကြီးဌာန ၀န်ကြီး Mr.George Yeo တို့က ဆောင်ရွက်ကြသည်။

ခေတ္တငြိမ်သက်
ရှေးဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များသည် ဆိုင်ကလုန်း မုန်တိုင်းနာဂစ်ကြောင့် ထိခိုက်ဆုံးရှုံးရသူများအား အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် ခေတ္တ ငြိမ်သက်၍ နေကြသည်။ ထို့နောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က အဖွင့် မိန့်ခွန်း မြွက်ကြားသည်း

ဆက်လက်၍ ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီင်္မွန်းက မိန့်ခွန်းပြောကြားရာတွင် မုန်တိုင်းဒဏ်ကို ခံစားခဲ့ကြရသည့် ပြည်သူများအား ကူညီရန် မိမိတို့ အသင့်ရိှနေပြီဖြစ်ကြောင်း ၊ နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ အဖွင့်မိန့်ခွန်းနှင့်စပ်လျဉ်း၍ မိမိအနေဖြင့် လွန်စွာအားတက်မိကြောင်း၊ ယင်းအချက်တို့မှာ မကြာသေးမီ ရက်ပိုင်းများအတွင်းက မြန်မာ့ခေါင်းဆောင်များနှင့် မိမိတို့ ရရှိခဲ့သော သဘောတူညီချက်နှင့်အညီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့ခြင်းပင် ဖြစ်ကြောင်း။

မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းသည် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းဖြစ်သည့် အားလျော်စွာ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများအားလုံးကို နိုင်ငံအတွင်းသို့ ၀င်ရောက်လုပ်ကိုင်ခွင့် ပေးရန် နိုင်ငံတော်အစိုးရက သဘောတူညီခဲ့ကြောင်း၊ အကူအညီပေးရေး လုပ်ငန်းများ၊ ထိရောက်မှု ရှိစေရေးအတွက် အတားအဆီးများ မရှိသင့်ကြောင်း၊ ကယ်ဆယ်ရေး ပစ္စည်းများကို အလျင်အမြန် ပေးပို့နိုင်ရေးအတွက် မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများ၌ ရှေ့တန်းထောက်ပံ့ရေးစခန်းများ ဖွင့်လှစ်၍ မိမိနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း၊

မျှော်လင့်
မိမိတို့ ရရှိခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် စတင်ဆောင်ရွက်နေပြီဟု ထင်မြင်ယူဆပါကြောင်း၊ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားအချို့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့တို့မှ လုပ်သားများ ဧရာဝတီတိုင်းအတွင်းသို့ အခက်အခဲမရှိ ၀င်ရောက်နိုင်ခဲ့ကြပြီဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော နိုင်ငံတော်အစိုးရကို ကူညီနိုင်စေရန် ရည်ရွယ်လျက် ကယ်ဆယ်ရေးလုပ်သားများ ပိုမိုဝင်ရောက်ခွင့်ရရှိလာမည်ဟု နိုင်ငံတကာအသိုင်းအ၀ိုင်း မျှော်လင့်လျက်ရှိကြကြောင်း။

မိမိအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ဂုဏ်သရေရှိလူကြီးမင်းများနှင့် တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးလုပ်ငန်း ကျွမ်းကျင်သူ လုပ်သားအများအပြားကို ယနေ့တွင် တွေ့ဆုံခွင့်ရရှိသဖြင့် အလွန်ဝမ်းမြောက် မိပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းနာဂစ်သည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော ဧရာဝတီတိုင်းနှင့် နိုင်ငံ၏ အချက်အချာကျသော ရန်ကုန်တိုင်းတို့ကို ဖြတ်သန်းဝင်ရောက် ဖျက်ဆီးခဲ့ပါကြောင်း၊ မုန်တိုင်းကြောင့် သေဆုံးနှင့်ပျောက်ဆုံး စုစုပေါင်း ၁၃၀၀၀၀ကျော် ရှိကြောင်း။

လွန်ခဲ့သည့် ရက်အနည်းငယ်က မုန်တိုင်းဒဏ်သင့်ဒေသသို့ မိမိရောက်ရှိခဲ့ကြောင်း၊ နေအိမ်များ၊ ကျေးရွာများနှင့် လမ်းများ ရေစီးနှင့်အတူ မျောပါခဲ့ရပြီး လယ်ကွင်းများ ရေနစ်မြုပ်ခဲ့ကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များစွာလည်း ပျက်စီးခဲ့ရကြောင်း၊ သို့အတွက် နေအိမ်များအား ပြန်လည်တည်ဆောက်လျက် ရိှသည်ကို မိမိတွေ့ရှိခဲ့ရကြောင်း၊ မြန်မာနိုင်ငံပြည်သူများသည် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ကူညီနိုင်ရန် ကြိုးပမ်းလျက်ရှိရာတွင် သတ္တိ၊ ဗျတ္တိ ရှိလှပြီး ပြန်လည်ရုန်းထနိုင်စွမ်း ကြီးမားသည်ကို ပြသနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အကူအညီနှင့်အတူ ကယ်ဆယ်ရေးအစီအစဉ်များအား အကောင်အထည်ဖော်လျက်ရှိသည်ကို မိမိတွေ့မြင်ခဲ့ရပါကြောင်း။

အိမ်နီးချင်းနိုင်ငံများမှ ဆေးအဖွဲ့များအပြင် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်း ကျွမ်းကျင်သူများနှင့် အတွေ့အကြုံရှိ ကယ်ဆယ်ရေးလုပ်သားများသည် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများသို့ နှောင့်နှေးမှုမရှိဘဲ ၀င်ရောက်ခွင့်ရသင့်ကြောင်း၊ ရဟတ်ယာဉ်များနှင့် မော်တော်ဘုတ်များ အပါအ၀င် သယ်ယူပို့ဆောင်ရေးယာဉ်များ ထပ်မံလိုအပ်မည် ဖြစ်ကြောင်း၊ အကူအညီပေးရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးစနစ်တစ်ရပ် အမြန်ပေါ်ထွန်းလာရေးအတွက် မြန်မာနိုင်ငံအာဏာပိုင်များနှင့် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ။

လူမှုစီးပွားဘဝ
မကြာသေးမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ရာတွင် မိမိအနေဖြင့် ကျေနပ်အားရမှု ရှိပါကြောင်း၊ မိမိသည် နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဆွေးနွေးခဲ့ရာတွင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များအား ၀င်ရောက်ခွင့်ပေးရးနှင့် စပ်လျဉ်း၍ သဘောတူညီမှု ရရှိခဲ့ပါကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ခြောက်လထက်မနည်း လအတန်ကြာမျှ ဆောင်ရွက်ရမည်ဟု မိမိမျှော်လင့်ကြောင်း၊ မုန်တိုင်းသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေစဉ်မှာပင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဘက်သို့ မိမိတို့ ဦးလှည့်ရမည်ဖြစ်ကြောင်း၊ လယ်သမားများနှင့် ရေလုပ်သားများအား ၄င်းတို့၏ လူမှုစီးပွားဘ၀ ပြန်လည် တည်ဆောက်နိုင်ရန် အကူအညီပေးရမည်ဖြစ်ကြောင်း။

ပျက်စီးသွားသော အပေါ်ထပ်အဆောက်အအုံများကိုလည်း ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အာဆီယံဦးဆောင်သော သုံးဦးဖလှယ် ညှိနှိုင်းဆောင်ရွက်သွားရေးစနစ်ကို မြန်မာနိုင်ငံအစိုးရက လက်ခံသဘောတူခဲ့သည့်အတွက် ကြိုဆိုပါကြောင်း၊ လက်ငင်းအားဖြင့် မိမိတို့လုပ်ရမည်မှာ လူသားချင်းစာနာမှု အကူအညီများပေးရမည်ဖြစ်ကြောင်း၊ လူအများ၏ဘ၀ကို ကယ်တင်ရန်နှင့် မုန်တိုင်းသင့် ဒေသများ၏ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ၌ ပါဝင်ရန် မိမိတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မကြာမီရက်များအတွင်း လေဘေးဒဏ်ခံပြည်သူများအတွက် အကူအညီ အထောက်အပံ့များ တိုးတက်ရရှိလာမည်ဟု မျှော်လင့်ပါကြောင်း၊ ငွေအား၊ လူအားဖြင့် သဒ္ဓါရက်ရောစွာ လှူဒါန်းထောက်ပံ့မှုများ ပြုရန် ကတိက၀တ်ပြုမှုများကို မိမိတို့ ရရှိထားပြီဖြစ်ကြောင်း။

စိုက်ပျိုးမှု အပေါ် မှီခို
မုန်တိုင်းဒဏ် ခံခဲ့ရသော ပြည်သူ ၁ဒသမ ၅သန်းခန့်ကို လာမည့် သုံးလခန့်အတွင်း အရေးပေါ် အကူအညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၂၀၁သန်းခန့် လိုအပ်မည်ဖြစ်ကြောင်း၊ ယနေ့အထိ ထိုပမာဏ၏ ရာခိုင်နှုန်း ၃၀ခန့်ကို ရရှိပြီဖြစ်ကြောင်း၊ ထပ်မံ၍ ရာခိုင်နှုန်း ၂၀ခန့်ရရှိရန် ကတိက၀တ်များလည်း ရရှိပြီဖြစ်ကြောင်း၊ သန့်ရှင်းသောရေ၊ အမိုးအကာ၊ နေအိမ်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများမှအစ သဒ္ဒါရက်ရောစွာ လှူဒါန်းကြရန် တိုက်တွန်းပါကြောင်း၊ အထူးသဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိရန် လိုအပ်ပါကြောင်း၊ စပါးစိုက်ပျိုးသော ရာသီသို့ ရောက်ရှိရန် ရက်သတ္တပတ်အနည်းငယ်သာ လိုတော့ကြောင်း၊ ကမ္ဘာတွင် စားနပ်ရိက္ခာ ဈေးနှုန်းများတက်လျက်ရှိပြီး သန်းပေါင်းများစွာသော လူတို့မှာ ထိုစိုက်ပျိုးမှုအပေါ် မှီခိုနေပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် အာဆီယံ အမြဲတမ်းကော်မတီဥက္ကဋ္ဌ စင်ကာပူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Mr.George Yeo မိန့်ခွန်းပြောကြားရာတွင် ယမန်နေ့အစည်းအဝေးသည် မုန်တိုင်ဒဏ်သင့် ပြည်သူများကို စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ ထောက်ပံ့နိုင်ရေးအတွက် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း ၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များ၊ လှေများ၊ ပိုမိုလိုအပ်လျက်ရှ်ိကြောင်း၊ မုန်တိုင်းသင့် ပြည်သူများ၏ ဘ၀ကို ပြန်လည်ထူထောင်နိုင်ရေးအတွက် မကြာမီ လများအတွင်း စိုက်ပျိုးစရာ မျိုးစေ့များ၊ စိုက်ပျိုးရေး စက်ပစ္စည်းများ၊ နေအိမ်များ၊ ကျောင်းများ စသည်တို့ လိုအပ်တော့မည် ဖြစ်ကြောင်း။

ဝမ်းမြောက်မိ
ထို့ကြောင့် အာဆီယံ ဦးဆောင်သော ပူးပေါင်းညှိနှိုင်းရေး ယန္တရားတစ်ရပ် ထူထောင်ရန် မိမိတို့ သဘောတူထားကြကြောင်း၊ ထိုယန္တရားသည် ကုလသမဂ္ဂနှင့်တကွ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် အနီးကပ် လက်တွဲ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ထိုအာဆီယံလုပ်ငန်းအဖွဲ့ကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဆူယင်ပစ်ဆူဝမ်က နှိုးဆော်၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီကြပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးသန်းရွှေက နိုင်ငံအားလုံးမှ ကယ်ဆယ်ရေးလုပ်သားများအား အ၀င်ခံမည်ဟု သဘောတူလိုက်ခြင်းအပေါ် ၀မ်းမြောက်မိပါကြောင်း၊ မမောနိုင်၊ မပန်းနိုင် ကြိုးပမ်းဆောင်ရွက်ပေးသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကိုလည်း ကျေးဇူးတင်ပါကြောင်း။ ယခုအစည်းအဝေးတွင် မုန်တိုင်းကျပြီးနောက်ပိုင်း မုန်တိုင်းဒဏ်သင့် ပြည်သူများအား မည်သို့ အကူအညီပေးမည်ကို ၀ိုင်းဝန်းအာရုံစိုက်ကြရန်ဖြစ်ကြောင်း၊ မိမိတို့၏ နိုင်ငံရေး သဘောတရားအမြင်များကို ဖယ်ထားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည် ။

ယင်းနောက် မြန်မာနိုင်ငံ၌ နာဂစ်မုန်ုတိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဗီဒီယိုဖြင့် ပြသသည်။

ရှင်းလင်းပြောကြား
ယင်းနောက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီင်္းဦးစိုးသာက ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် နိုင်ငံတော် အစိုးရ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်လာခြင်း၊ မုန်တိုင်းဖြတ်ကျော် တိုက်ခတ်ခံရသည့် ဒေသများ နိုင်ငံတော်မှ အရေးယူ ဆောင်ရွက်မှု၊ ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေ၊ ပြည်တွင်းပြည်ပမှ အကူအညီများရရှိမှု၊ ပြည်တွင်း ပြည်ပမှု ထောက်ပံ့သည့် ပစ္စည်းများအား မုန်တိုင်းဒဏ်သင့် ဒေသများသို့ ပို့ဆောင်ခြင်း၊ မုန်တိုင်းကြောင့် သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ၊ ကယ်ဆယ်ရေး ကူညီစောင့်ရှောက်ရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး အကြီးအကဲ ဒုတိယ အတွင်းရေးမှူးချုပ် Mr.John Holmes က မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီးနောက် ကုလသမဂ္ဂနှင့် အာဆီယံ တို့ ပူးတွဲ၍ နိုင်ငံတကာမှ တုံ့ပြန်အကူအညီပေးရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ် Mr.Surin Pitsuwan က အာဆီယံ ဦးဆောင်သည့် ညှိနှိုင်းဆောင်ရွက်မှု စနစ် နှင့် စပ်လျဉ်း၍ ရှင်းလင်းပြေကြားသည်။

ခေတ္တရပ်နား
ယင်းနောက် နေ့လယ်စာ သုံးဆောင်ရန် ညီလာခံကို မွန်းလွဲ ၁ နာရီတွင် ခေတ္တရပ်နားသည်။ ညီလာခံ ခေတ္တရပ်နားချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်၊ အာဆီယံအတွင်းရေးမှူုးချုပ်၊ ပြည်ပနိုင်ငံများမှ ဒုတိယ၀န်ကြီးချုပ်များနှင့် ၀န်ကြီးများအား ဆီဒိုးနား ဟိုတယ် (၁၁)ထပ်၌ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

ယင်းနောက် ညီလာခံကို မွန်းလွဲ ၂ နာရီ ၂၅မိနစ်တွင် ပြန်လည်ကျင်းပရာ သဘာပတိအဖြစ် အာဆီယံ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ စင်ကာပူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Mr.George Yeo က ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်း ၊ အာဆီယံအတွင်းရေးမှူးချုပ် Dr.Surin Pitsuwan နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး အကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် Mr.John Holmes တို့က ဆောင်ရွက်ကြသည်။

ထို့နောက် ကုလသမဂ္ဂနှင့် အာဆီယံတို့ ပူးတွဲကမကထပြု၍ နိုင်ငံတကာမှ ငွေကြေးအကူအညီများနှင့် အခြားအကူအညီများအတွက် ကတိက၀တ်ပြုကြရာ အင်ဒိုနီးရှား၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ မလေးရှား၊ ဒိန်းမတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဆွီဒင်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဗြိတိန်၊ ဘရူးနိုင်း၊ ဂျာမနီ၊ နယ်သာလန်၊ဂျပန်၊ နော်ဝေး၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ကိုရီးယားသမ္မတနိုင်ငံ၊ ပြင်သစ်၊ တူရကီ၊ စလိုဗေးနီးယား၊ အိုင်ယာလန်၊ ဖင်လန်၊ ဆွစ်ဇာလန်၊ အစ္စရေး၊ ဘရာဇီးလ်၊ စပိန်၊ လူဇင်ဘတ်၊ ဘယ်လ်ဂျီယံ၊ ဥရောပသမဂ္ဂ ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ ၊ အီတလီ၊ နယူးဇီလန်၊ တောင်အာဖရိက၊ နီပေါ၊ ရုရှား၊ WFP၊ IOM၊ World Bank၊ ADB၊ ICRC နှင့် Save the Children တို့မှ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ငွေကြေးအကူအညီများနှင့် အခြားအကူအညီများ ပေးရေးအတွက် ကတိက၀တ်ပြုကြသည်။


ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တို့သည် ညနေ၅နာရီ ၁၅ မိနစ်တွင် ညီလာခံသို့ ရောက်ရှိလာကြပြီး ညီလာခံသို့ တက်ရောက်ကြသည်။

ထို့နောက် အာဆီယံ အမြဲတမ်း ကော်မတီဥက္ကဋ္ဌ စင်ကာပူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျော့ခ်ျယိုးက နိဂုံးချုပ် မိန့်ခွန်းပြောကြားပြီး ညီလာခံကို ညနေ ၅နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။

No comments: