Thursday, June 12, 2008

နိုင်ငံတကာမှ ထောက်ပံ့ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက်ရောက်ရှိ

မုန်တိုင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့်ဒေသများအတွက် နိုင်ငံတကာမှထောက်ပံ့ရေးပစ္စည်းများပေးပို့လျက်ရှိကြရာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)မှလှူဒါန်းသောမိုးကာတဲများ၊ ရေသန့်ဘူးများ၊ ရေသန့်ဆေးပြားများ ၊ အရေးပေါ်အစားအစာများ၊ ရွက်ဖျင်တဲများ၊ နို့မှုန့်များစုစုပေါင်း ၉၈ ဒဿမ ၄၂ တန်သည် C-130လေယာဉ်နှစ်စင်း၊ IL-76လေယာဉ်နှစ်စင်းနှင့် AN-12လေယဉ်တစ်စင်းတို့ဖြင့် ယနေ့နံနက် ၉ နာရီ၊ မွန်းလွဲ ၁ နာရီ ၅၀၊ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်၊ ညနေ ၄ နာရီခွဲနှင့် ညနေ ၅နာရီခွဲတို့တွင်လည်ကောင်း၊ အိန္ဒိယနိုင်ငံ အခြေစိုက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှလှူဒါန်းသော ကလေးအစားအစာများ စုစုပေါင်း ၃၈ တန်သည် IL-76လေယာဉ်ဖြင့် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင်လည်းကောင်း၊ ထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော ဆန်ပြုတ်ထုပ်များ၊ ပြောင်းဆန်များ၊ ရေသန့်များ၊ အစားအစာများ စုစုပေါင်း ၂၀ ဒဿမ၃၈ တန်သည် C-130လေယာဉ်နှစ်စင်းဖြင့် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင်နှင့် နံနက် ၁၁ နာရီ ၄၅ မိနစ်တို့တွင်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုမှလှူဒါန်းသောစည်သွတ်ဘူးများ၊ ဆပ်ပြားများ၊ နို့များ၊ ပဲနို့များစုစုပေါင်း ၉ဒဿမ ၅တန်သည် C-130လေယာဉ်ဖြင့် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည်။

No comments: